အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကတော့ ဟယ်လ်ဆင်ကီးမြို့မှာ နှစ်ယောက်ပေါင်းသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

ထိုသတင်းစားရှင်းလင်းပွဲမှာတော့ ထရမ့်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးဆိုးရွားနေမှုနဲ့ ပတ်သတ်ပြီး ရရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြောဆိုရမယ့်အစား အရင်အမေရိကန်အစိုးရအပေါ် အပြစ်တင်ပြောဆိုခဲ့တာတွေ့ရပါတယ်။ 

ထရမ့်ရဲ့ထိုလုပ်ရပ်ကြောင့် အမေရိကန် ဒီမိုကရက် နဲ့ ရီပတ်ဘလီကန် အမတ်တွေက ဆိုးဆိုးရွားရွား ုတုန့်ပြန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေကို သမ္မတထရမ့်ရဲ့ သံသယရှိမှုအပေါ် အကြီးအကြယ်တုန်လှုပ်မိတယ်လို့ ပြောဆိုခဲ့တာလည်းတွေ့ရပါတယ်။ 

ရုရှားသမ္မတ ပူတင်ကတော့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှား ဝင်နှောက်ခဲ့တယ်လို့ပြောဆိုနေမှုအပေါ် ထရမ့်ရှင်းပြခဲ့သလိုမျိုးပဲထပ်မံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားအစိုးရဟာ ရွေးကောက်ပွဲအပါအဝင် အမေရိကန်ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုး ဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး ၊ အဲ့လိုမျိုးအထောက်အထားတွေတွေ့ရင် အတူတကွ ဆန်းစစ်ဖော်ထုတ်ဖို့ အသင့်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။  

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။