တစ်ချိန်က တော်လှန်ရေးဇာတ်ကားတော်တော်များများကို ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်ဝါရင့်သရုပ်ဆောင်အကယ်ဒမီသီဟတင်စိုးကတော့ အိမ်ဖော်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်တယ်ဆိုပြီး တရားစွဲခံထားရပါတယ်..။

နာမည်ကော်ရုပ်ရှင်မင်းသားကြီး သီဟတင်စိုးဟာ အိမ်ဖော်အမျိုးသမီးကို အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ပါတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅)ရက်နေ့က သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီသတင်းကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ယက်စာမျက်နှာမှာ အတော်လေးကိုဂယက်ထသွားပြီး ပရိသတ်းများနဲ့ အနုပညာရှင်များကလည်း ယနေ့အချိန်ထိ မယုံနိုင်လောက်အောင်ဖြစ်နေကြပါတယ်..။

အမူမှန်အမြန်ဆုံးပေါ်ပေါက်ပါစေဆိုပြီး ပြည်သူပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများကလည်း မင်းသားသီဟတင်စိုးဘက်ကနေ ရပ်တည်ထားကြတာ တွေ့ရပါတယ်..။

သီဟတင်စိုးရဲ့အမျိုးသမီးဖြစ်တဲ့ နာမည်ကျော်သရုပ်ဆောင်အကယ်ဒမီမင်းသမီး ဇင်မာဦးကလည်း သူမရဲ့ယောင်္ကျားဖြစ်သူကို ယုံကြည်သလို အခုဖြစ်တဲ့ပြဿနာကလည်း မဟုတ်မမှန်စွပ်စွဲ ရိုက်စားခံရတာပါဆိုပြီး အင်တာဗျူးတွေမှာ ရင်ဖွင့်ပြောပြထားတာလည်း တွေ့ရပါတယ်..။

အဆိုပါအမူကိစ္စနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုအချို့တွေရှိနေပေမယ့်လည်း ပရိသတ်တော်တော်များများနဲ့ နာမည်ကျော်အနုညာရှင်တွေကလည်း မင်းသားသီဟတင်စိုးဘက်ကနေ ရပ်တည်ပေးကြတာ တွေ့ရပါတယ်..။

Photo - ခင်လှိုင်၊ နေမျိုးအောင်၊ စိုးမြတ်နန္ဒာ၊ ပန်းဖြူ၊ ချစ်စနိုးဦး၊ ဇော်ဇော်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။