လတ်တလောမှာ ရေပန်းစားနေတဲ့ အိမ်အကူတွေရဲ့သောင်းပြောင်းထွေလာအရှုပ်တော်ပုံတွေကြောင့် စိတ်ညစ်ရကြောင်း ဖောက်သည်ပြန်ချလာသူက တော့ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ အမျိုးသမီးဇင်သဲနိုင်ဘဲဖြစ်ပါတယ် အိမ်အကူနဲ့ပတ်သတ်တဲ့ကိစ္စတချို့လူအများသတိထားလို့ရအောင်sharingလုပ်ပေးပါမယ် ဆိုပြီး သူမအတွေ့အကြုံတွေကိုအခုလိုပြန်ပြောပြလိုက်တာပါ ။

" လွန်ခဲ့တဲ့ (၃)နှစ်ကျော်လောက်ကပါ အိမ်မှာမီးဖိုချောင်ကိစ္စ(ဟင်းကကိုယ့်ဘာသာချက်တာကြက်သွန်ခွာ ပန်းကန်ဆေးအိုးတိုက်)လုပ်ဖို့အကူတစ်ယောက် ကလေးဝေယျာဝစ္စနဲ့သန့်ရှင်းရေးအတွက်တစ်ယောက်(၂)ယောက်ခေါ်လိုက်တယ်။ နှစ်ယောက်စလုံးကအပျိုပါလူလွတ်ပါအရှုပ်အရှင်းမရှိပါဘူးပေါ့။ ရောက်ပီးတစ်လမပြည့်ခင်မှာဇာတ်လမ်းကစတော့တာ။ တစ်ရက်ညသန်းခေါင်၂:၀၀လောက်ကြီးအောက်ထပ်တံခါးမကြီးသော့ဖွင့်သံလူခြေသံကြားလို့လင်မယား၂ယောက်တိတ်တိတ်လေးထချောင်းတာ မယ်မင်းကြီးမ(၂)ယောက်ကကျမရဲ့အဝတ်စားတွေဝတ်လို့ ပြေးဖို့ကြံနေကြတာ တစ်ယောက်ကတစ်ချောင်းကြိုးဂါဝန်ပါတီသွားမဲ့ပုံနဲ့ နောက်တစ်ယောက်ကအပေါ်အဖြူအောက်အဖြူဝမ်းဆက်နဲ့သားနားသစ်လွင်နေတာ။

ကျမတို့အောက်ဆင်းလာတဲ့ခြေသံလည်းကြားရော သူတို့အခန်းထဲဝင်ပြေးပါလေရော။ ကျမလည်းထွက်ခဲ့စမ်းဆိုတော့ ထမိန်တွေကောက်ပတ်အနွေးထည်တွေကောက်ဝတ်ပြီးထွက်လာတယ်။ အထုတ်တွေစစ်ကြည့်တော့အားလားလားကျမအဝတ်စား ယောင်္ကျားဝတ်နည်းနည်း ကလေး(မီးမီးဟာတွေ)အဝတ်စားအများဆုံး သားတွေအဝတ်စား စုစုပေါင်းရာကျော်(မ/ဒဂုံစခန်းမှာအရေတွက်အတိကျရှိတယ်)ထွက်လာတယ်။ အဲ့ဒါတွေဘာလုပ်တာလဲဆိုတော့ အဖွား(ကျမယောက္ခမ)ပေးတာတဲ့။ မနေသာတော့ကျမယောက္ခမပါနှိုးမေးယူရတယ်။ သူလည်းဘာမှမသိ တစ်အိမ်လုံးလည်းနိုး။ ရဲဖုန်းဆက်လိုက်တော့တယ်အဲ့ကျမှအကြီးမကသမီးမှာယောင်္ကျားလည်းရှိပါတယ်သမီးလေးလည်းရှိပါတယ် မလုပ်ပါနဲ့ငိုကာယိုကာပေါ့။တကယ်ကမီးပူတိုက်ရင်းတစ်နေ့နည်းနည်းချင်းခိုးထားတာတဲ့" ဆိုပြီး သူမကြုံရသမျှကို ဖောက်သည်ချပါတယ် ။ ဆက်လက်ပြီး"ပွဲစားကိုဆက်တော့လည်းမကိုင် ညသန်းခေါင်၂:၀၀ကျော်ရပ်ကွက်ရုံးကပိတ် သူတို့ကိုဘယ်သူကထိုင်စောင့်နေရမလဲ။ အဲ့လိုအချိန်ပြန်ခိုင်းလိုက်လို့တစ်ခုခုဖြစ်ရင်သူခိုးကလူပြန်ဟစ်ပြီးပြဿနာကတက်နိုင်သေးတယ်။ အဲ့ကျမှအဖိုးတန်မျိုးမှန်လေးတွေဖြစ်ပြီးကိုယ်ကသူများသားသမီးလက်လွတ်စပယ်လုပ်တယ်တွေဘာတွေဒရမ်မာဖြစ်လာမယ်။အဲ့တော့အကောင်းဆုံးကရဲစခန်းပို့တာပဲ။ ရဲစခန်းဆိုတာအမှုမဖွင့်မတိုင်ပဲခနခေါ်ထားပါဆိုပြီးသွားထားလို့တဲ့ဇရပ်လည်းမဟုတ်။ အဲ့တော့တာဝန်မှူးဆီမှာသူတို့ကိုခိုးထုပ်ခိုးထည်နဲ့အမှုဖွင့်လိုက်တယ်။ရဲစခန်းမှာအထုတ်တွေသေချာဖွင့်စစ်မှအထည်၁၀၀ကျော်အံ့သြလိုက်တာဆိုတာလေ။ ရုံးမှာအမှုစစ်လည်းစစ်ရောသူတို့မခိုးပဲထမိန်မီးပူကျွမ်းတာကိုမကျေနပ်လို့ဂွင်ဆင်ပြီးလုပ်တာတဲ့အဲ့လိုဖြေတာတော်။ ကျေအေးပေးချင်တဲ့သူကိုဒေါသလာဆွတာ ဒီလောက်ဖြစ်လှတာဒီအဖြစ်ပျက်ဘယ်သူမှန်လဲအဆုံးထိလုပ်မယ်ဟဲ့ဆိုပြီးကိုလုပ်တော့တာ။ နောက်ဆုံးပြစ်မှုထင်ရှားလို့ ထောင်ကျတဲ့သူကကျ အသက်မပြည့်တဲ့တစ်ယောက်ကလူငယ်ထိန်းသိမ်းရေးသင်တန်းရောက်သွားတယ်ကြားတယ်။"လို့ ဆက်ြင်္ပးပြောထားပါတယ် ။

" လွန်ခဲ့တဲ့တစ်နှစ်ကျော်ထိအပုပ်ချပြီးရေး ပြောတဲ့သူခိုးအားပေး အမတွေအထီးတွေကိုပြောချင်တာက အလုပ်စဝင်ထဲကအအိုကို အပျိုဆိုပြီးလိမ်တယ်။ ပစ္စည်းပစ်ပြီးခွင်ဆင်ထောင်ချရအောင်ဘယ်လိုတွေအားနေတယ်ထင်လို့ အထည်ပေါင်းတစ်ရာကျော်သူတို့အိတ်ထဲထိုင်ထည့်ပြီးလုပ်ကြံရဦးမယ်င့ါနှယ့်။ ဉာဏ်တွေလည်းအရမ်းကောင်းကြတယ်။ ကိုယ့်ထက်နိမ့်ပါးသူကိုစာနာသနားရမယ်ဆိုတာ လူမှန်းသိတတ်စထဲကနားလည်သဘောပေါက်ပြီးသား အဲ့လိုပဲမဟုတ်တာကိုငြိမ်မခံတတ်တာကလည်းအသွေးအသားထဲကမွေးရာပါဗီဇ။ အဲ့တော့ပြောချင်တာကခေတ်ကြီးကပြောင်းလဲလာပြီ လူတွေလည်းအမှန်တရားက်ုမြင်တတ်ကြဘီ။ မျက်ရည်ခံထိုးဒရမ်မာခင်းတာတွေကိုလည်းအော့နှလုံးနာလာကြပီဆိုတာပါပဲ။ ဘဝပေးကုသိုလ်မကောင်းလို့မပြည့်စုံရတဲ့အထဲ စရိုက်ဆိုးအကျင့်ဆိုးတွေပါကပ်ပါနေတဲ့သူတွေကြောင့် တခြားကလေးတွေပါအထင်မြင်သေးခံရရင်ရိုးသားတဲ့အကူတွေအတွက်အများကြီးနစ်နာတယ်။ နောက်တစ်ခုကရှေ့ကနေဒါမျိုးတွေလုပ်ပြနေတဲ့မကောင်းဆိုးဝါးတွေကိုကောင်းကောင်းနှိမ်နင်းဖို့လိုတယ်။" ဆိုပြီးသူမကြုံရသမျှတွေကို ပရိသတ်တွေကို ဖောက်သည်ချခဲ့ပါတယ်။ ပရိသတ်ကြီးရော ဇင်သဲနိုင်လို အတွေ့အကြုံရှိခဲ့ဖူးရင် မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - zin thae naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။