နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားလျက်ရှိတဲ့ မော်ဒယ်သရုပ်ဆောင်တွေထဲမှာ ပိုင်တံခွန်ကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။အရပ်မြင့်မြင့်၊ဘော်ဒီတောင်တောင့်နဲ့ ယောကျာ်းပီသတဲ့ ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေအရမ်းကိုကြွေနေရတာပဲ ဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ လူငယ်ပီပီ လွတ်လွတ်လပ်လပ်နေတက်ပြီး သူကိုချစ်တဲ့ ပရိသတ်လေးတွေကို အမြဲတမ်း စနောက်တက်လေ့ရှိတဲ့ ပျော်ပျော်နေတက်သူတစ်ဦးပဲ ဖြစ်ပါတယ်။ 

ဒီနေ့မှာလည်း နှုတ်ခမ်းနီမလေးတွေ အသဲတယားယားဖြစ်စေမယ့် Status လေးတစ်ခုလူမှုကွန်ယက်မှာ မျှဝေခဲ့ပြီး ပရိသတ်တွေကို ကလိကလိဖြစ်အောင် စနောက်လိုက်ပြန်ပါတယ်။သူကတော့ မော်ဒယ်မင်းသမီးလေး ဖူးပွင့်သခင်နဲ့ အတူ အပြုံးတွေဝေဆာနေတဲ့ ဓာတ်ပုံလေးတစ်ပုံတင်ခဲ့ပြီး ဓာတ်ပုံလေးထဲမှာတော့ ဖူးပွင့်သခင်ကိုကြင်ကြင်နာနာနဲ့ မုန့်ခွန့်ကျွေးနေခဲ့တာပဲ ဖြစ်ပါတယ်။အပြင်မှာကိုယ့်ရဲ့ ဂရုစိုက်မှုက ဒီထက်ပိုတယ် ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပုံလေးတင်ခဲ့တာကြောင့် နှုတ်ခမ်းနီမလေးတွေကတော့ အသဲတယားယားဖြစ်သွားရမှာ အသေအချာပါပဲနော်။ 

ဆက်လက်ပြီလည်း ဒါက Jan Jan Jan Japanese Ramen ဆိုင်ကြော်ငြာရိုက်နေတာဆိုတဲ့စာလေး ရေးသားထားတာပဲ ဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေကတော့ ဂရုစိုက်တက်လွန်းသူကြီးရဲ့ ကြင်ကြင်နာနာရှိမှုလေးတွေမှာ ကြွေပြီးရင်းကြွေနေတာကြောင့် မှတ်ချက်လေးတွေဝင်ရောက်ရေးသားနေကြတာပဲ ဖြစ်ပါတယ်။ကြော်ငြာတစ်ခုကို အတူတူရိုက်ကူးနေတဲ့ ပိုင်တံခွန်နဲ့ ဖူးပွင့်သခင်တို့ရဲ့ ပုံရိပ်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ပိုင်တံခွန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။