ကျော်စွာဟာ လက်ရှိ နိုင်ငံကျေ်ာတေးသံရှင် အစ္စဏီရဲ့ မုဒိန်းမှုမှာ အစ္စဏီဘက်ကနေလိုက်လံဆောင်ရွက်ပေးနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဣထ္ထိယဝါဒီ ( အမျိုးသမီးကြီးစိုးမှုအားပေးသောဝါဒ) သမားတွေကတော့ တချိန်လုံး စူးရှထက်ဘက်နေ ကျယ်ကျယ်လောင်လောင် ရပ်တည်ပြီး ဒီမုဒိန်းမှုတိုင်တန်းတဲ့ ဖြစ်စဉ်မှာ ရပ်တည်ပေးခဲ့ကြပါတယ်။ feminism ဝါဒနဲ့ justice ဆိုတဲ့ အကြောင်းအရာလေးကို ဆွေးနွေးချင်လို့ပါ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ရှေးဦးစွာ ကျင့်ဝတ် နဲ့ ဥပဒေတို့ ရဲ့ ကွာခြားချက်တွေကို ဦးစွာ ရှင်းပြထားတာကို တွေ့ရပါတယ်။

လက်ရှိ အစ္စဏီအနေနဲ့ ပုဒ်မ ၃၇၆ အလိုမတူပဲအဓ္မပြုကျင့်မှု ၊ ပုဒ်မ ၃၂၄ ချွန်ထက်သောအရာနှင့်သာမာန်နာကျင်စေမှု ၊ ပုဒ်မ ၃၂၃ မိမိသဘောအရ သာမန်နာကျင်စေမှု ဒီသုံးခု ကို ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ဥပဒေအရ အားနွဲ့တဲ့ မိန်းမသားမို့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို တရားမျှတအောင်တောင်းခံနိုင်ပေမယ့် လက်ရှိအနေအထားမှာ သာမန်လင်မယားရန်ဖြစ်ခဲ့သလောက် ပြသနာ၊ လွန်ဆုံး ထောင်ဒဏ်တစ်လလောက်နဲ့ ထိုက်တန်တဲ့အမှုကို အကြီးမားဆုံးပြစ်ဒဏ်တောင်းပြီး အာမခံပေးလို့မရတဲ့ ပုဒ်မ ၃၇၆ မဒိန်းမှုပါ ခေါင်းစဉ်တပ်ပြီး ဆွဲတာမျိုးကျတော့ ဘယ်လိုနည်းနဲ့မှ သည်းခံပေးလို့မရကြောင်းဆိုပါတယ်။ မုဒိန်းမှုဖြစ်တာမို့ အမှုကို ထောင်ထဲကနေဘဲရင်ဆိုင်ရယုံသာမက မိသားစုဝင်တွေအထိပါ ဂုဏ်သိက္ခာထိခိုက်မှုတွေရှိတယ်လို့ ဆိုပါတယ်။ဒီပြသနာကြီးစဖြစ်တဲ့အချိန်ကတည်းက ကျနော်တို့အပေါ် အမျိုးမျိုးတိုက်ချုက်ခံရတဲ့အပြင် အမေနှမ မျိုးစုံခိုင်းနှိုင်း ဆဲဆိုမှုမျိုးတွေထိဖြစ်ခဲ့တာမို့ ကျနော်တို့ မိသားစုဝင် မိန်းကလေးတွေအကုန် ဖေ့ဘုတ်မသုံးရဲတော့တဲ့အထိ အတိုက်ခိုက်ခံလိုက်ရတာတွေဟာ victm blame မဟုတ်ဘူးလား လို့ သူကဆိုပါတယ် ။

နောက်ဆုံးပြောချင်တာကတော့ gender equality လို့တောင်းဆိုနေတဲ့ feminist တွေအနေနဲ့လဲ ယောင်္ကျားမိန်းမ မခွဲခြားပါနဲ့ဆိုတဲ့ ကိုယ့်ရဲ့ရပ်တည်ချက် တောင်းဆိုမှုအတိုင်း ယောင်္ကျားလေးဖြစ်လို့ အပြစ်ရှိတယ် မိန်းကလေးဖြစ်လို့အပြစ်မရှိဘူးဆိုတဲ့ကျဉ်းမြောင်းတဲ့ point of view ကနေထွက်ပြီး justice ဆိုတဲ့ တရားမျှတမှုရှုထောင့်ကနေ ဝေဖန်ပါ သုံးသပ်ပါ မျှဝေကြပါလို့ ပြောရင်း နိဂုံးချုပ်ပါတယ် လို့ ရေးသားထားတာတွေကိုတွေ့ရပါတယ် ။ ပရိသတ်ကြီးရေ တစ်စတစ်စ သွေးအေးစပြုလာနေတဲ့ ဒီအမှုနဲ့ပတ်သက်လို့ ကို ကျော်စွာ ပြောတာကို လက်ခံသင့်တယ်လို့ ယူဆပါသလား ....... မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - Kyaw Swar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။