လက်ရှိလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ ဗီယက်နမ်နိုင်ငံက အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ တိမ်တိုက်တံတား လို့အမည်ပေးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားဟာ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေတာပဲဖြစ်ပါတယ်။

ထိုရုပ်ရှင်ကားကြီးထဲမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ဗီယက်နမ်အလှမယ်လေး ငုရင်ထရမ်ဟူရန်မိုင် ၊ နေတိုး ၊ ထွန်းထွန်း နဲ့ ခင်ဝင့်ဝါ တို့ကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ 

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးဟာ ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးရုံတင်ပြသခဲ့ပြီး မြို့ကြီးတွေက ရုပ်ရှင်ရုံကြီးတွေမှာ ပရိသတ်တွေနဲ့ တွေ့ဆုံနှတ်ဆက်ပွဲများစွာ ပြုလုပ်ထားတာတွေ့ရပါတယ်။

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးထဲက အဓိကသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ငုရင်ထရမ်ဟူရန်မိုင် ဟာဆိုရင်လည်း့ မြန်မာပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးမှုကို သူမတို့နိုင်ငံက လူတွေမျက်ဝါးထင်ထင်မြင်တွေ့နိုင်စေရန်အတွက် သူမရဲ့လူမှုကွန်ယက်စာမျက်ပေါ်ကနေ ဖြန့်ဝေခဲ့ပါတယ်။ 

သူမဖြန့်ဝေခဲ့တဲ့ ပုံရိပ်လေးတွေထဲက လူတောင်တိုးလို့မရအောင် အားပေးတဲ့ ပရိသတ်တွေပြည့်ကျပ်နေတဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း ဗီယက်နမ်နိုင်ငံက လူတွေအတွက် မြန်မာပရိသတ်တွေရဲ့ အနုပညာအပေါ် ချစ်ခင်နှစ်သက်မှုတွေကို အားကျသွားစေလောက်ပါတယ်။

သူမထင်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုထိရရှိလောက်အောင် မြန်မာပရိသတ်တွေရဲ့ အံ့မခန်းလိလိ အားပေးမှုတွေရရှိခဲ့တဲ့အတွက် ငုရင် ဟာဆိုရင်လည်း ရင်ထဲမှာ အရမ်းပျော်ရွှင်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

အခုလို မြန်မာပရိသတ်တွေရဲ့အားပေးမှုကို ဗီယက်နမ်က သိအောင်ပြခဲ့တဲ့ ငုရင်ထရမ်ဟူရန်မိုင်ကိုရော ပရိသတ်တွေချစ်ကြရဲ့လား။ 

SOURCE - Ngu Yen Tran Huyen My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။