ပဲတီပင်ဖောက်တဲ့နေရာမှာ ကျောက်စည်ပိုင်း/ခြင်းတောင်း/ကော်ရေပုံး နှင့် အခြားသော ဗူးငယ်လေးထဲတွင် ထည့်ဖောက်လို့ရပါသည်။

ပြုလုပ်ပုံ ပြုလုပ်နည်းကတော့....

(၁)ပဲတီစေ့ကို ၈နာရီခန့် ကြိုတင်ပြီးရေစိမ်ထားပေးပါ။

(၂)ဂုန်နီအိတ်နှင့်ပဲအစေ့မကျနိုင်သော သံဇကာပိုက်ကွက်ကို ကိုယ်ထည့်ဖောက်မည့် ကျောက်စည်ပိုင်း/ ခြင်းတောင်း (သို့)အခြားသော ကော်ဗူးတို့၏ ထိပ်ဝဖြင့် အံဝင်ဂွင်ကျ တိုင်းတာပြီး အဝိုင်းသဏ္ဍန် ပိုင်းဖြတ်ပေးပါ။ ပုံမှာ ပြထားသည့်အတိုင်း ပိုင်းဖြတ်ပါ။

(၃)ကျောက်စည်းပိုင်း၏ အောက်ခြေမှာ ရေထွက်ပေါက် ဖောက်ပေးပြီး ပုံမှာပြထားသည့်အတိုင်း စက်ဘီးတာယာကွင်းကိုခံ၍ အပေါ်မှ သံဇကာ တစ်ထပ်ခင်းပေးပါ။

(၄)ပိုင်းဖြတ်ထားသော ကော်ဇကာပိုက်ကွက်ကို သံဇကာပေါ်မှာထပ်ခင်းပေးပြီး ကော်ဇကာပိုက်ကွက်အပေါ်မှ ဂုန်နီအိတ်စ ထပ်ခင်းပေးပါ။

(၅)အားလုံး ခင်းကျင်းပြီးပါက ရေစိမ်ထားသော ပဲတီစိမ်းအစေ့များကို ခပ်ကြဲကြဲ ဂုန်နီအိတ်စအပေါ်မှာ ဖြူးပေးလိုက်ပါ။

မိမိထည့်ဖောက်ထားသော ကျောက်စည်ပိုင်း အမြင့်ကို တိုင်းတာပြီး ပဲတီပင်၏ အမြင့်ဖြင့် တွက်ချက်၍ ၎င်း အထဲမှာ အထပ်ပေါင်းများစွာ ၀င်ဆံ့သလောက် တစ်ခုပေါ်တစ်ခုထပ်၍ အဆင့်ဆင့် ထိုနည်းတူစွာ ပြုလုပ်လို့ရပါသည်။

စဖောက်သည့်အချိန်မှစ၍ ၄နာရီ တစ်ကြိမ် ရေသန့်ဖြင့်ပုံမှန်ရေဝအောင် ၂ညအိပ် ၃ရက်မြောက်သည့်အချိန်ထိ့ ဂရုတစိုက်ရေးလောင်ပေးပါ။

၂"ရက်မြောက်နေ့( သို့)၃ရက်မျှကြာသောအခါ ပဲတီအပင်များ ရရှိလာပါလိမ့်မည်။ပဲတီပင်ကို တဆင့်ခြင်း ခွာယူ၍ အမြစ်မစားချင်ပါက ဂုံနီအိတ်စ၏ နောက်ကြောဘက်မှ ဖောက်ထွက်နေသော အမြစ်များကို ဓားဖြင့် လှီးချလိုက်ပါ။ပဲတီအပင်၏ အခွံအမည်းများကို သန့်စင်ချင်ပါက ရေအပြည့့်ထည့်ထားသော စည်ပိုင်းထဲမှာ မှောက်၍ ပြောင်စင်သွားသည့်အထိ့ ခါချပေးလိုက်ပါ။

ဒါဆိုရင်တော့ လက်ဆတ်တဲ့ ပဲတီပင်ပေါက်ကို ရရှိမှာဖြစ်ပါတယ်။

Ref., ဘဝခါးခါး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။