နာမည်ကြီး စာရေးဆရာမတစ်ဦးဖြစ်တဲ့ သျှင်မ ရဲ့ မခင်တစ်ယောက်ရဲ့ ရဲရင့််မှုကို ထင်ဟပ်ပြသထားတဲ့ "ဟစ်တိုင်" ဝတ္ထုကိုတော့ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ဝိုင်းဝန်းလို့ ပုံဖော်နေကြပါတယ်။ ဒီဝတ္ထုရဲ့ အဓိကဇာတ်ကောင် ဒေါင်းနီနေရာမှာတော့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး သူမနဲ့အတူ ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် မေသန်းနု အလှမယ် စစ်ယွန်းဝတီဦး နဲ့ သမီးလေးပြည့်ပြည့်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

အနုပညာလောကရဲ့ အသစ်တစ်လက်ဖြစ်တဲ့ စစ်ယွန်းဝတီဦးကတော့ သူမအနေနဲ့ ဒီဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရတာ သင်ယူစရာတွေအများကြီး ရခဲ့ကြောင်းပြောထားတာ တွေ့ရပြီး သူမအနေနဲ့ မအူဝဲနဲ့ အတူသရုပ်ဆောင်ရတာကို အတော်လေး ဝမ်းသာမိတယ်လို့လည်း ဆိုပါတယ်။ သူမအနေနဲ့ မအူဝဲဆီက သင်ယူစရာတွေ အများကြီး ရခဲ့ပြီး သူမကို အသေအချာ သင်ပေးတဲ့ မအူဝဲကိုလည်း အရမ်းချစ်ကြောင်း ယခုလို ပြောထားတာ တွေ့ရပါတယ်။

"တစ်နေ့မှာ ကိုယ်အရမ်းချစ်ရတဲ့ အနုပညာရှင်တစ်ဦး(မအူဝဲ)ရဲ့ ဘေးမှာနေပြီး ခေါင်းစခြေဆုံး အကြာကြီး ကြည့်နေခွင့်ရရုံသာမက အတူတူတွဲပြီး သရုပ်ဆောင်ခွင့်, လိုအပ်ချက်တွေကို သင်ယူလေ့လာခွင့် ရလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ရဲခဲ့ဖူးဘူး" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ ဆင်ဖြူကျွန်းမှာ ရိုက်ကူးနေပြီး ပရိသတ်တွေကတော့ အတော်လေးစိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။ 

Source : Sao Yoon Wady Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။