တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Goo Hye Sun ကိုတော့ F4 ချစ်သူ ဇာတ်လမ်းတွဲလေးနဲ့ မြန်မာပရိသတ်တွေအပါအဝင် အာရှတစ်လွှားက ပရိသတ်တွေထိပါ လူကြိုက်များခဲ့တာဖြစ်ပါတယ်။

သူမဟာ ဇူလိုင်လ(၁၂)ရက်နေ့က ဘူချွန်းနိုင်ငံတကာရုပ်ရှင်ပြပွဲ အခမ်းအနားရဲ့ Red Carpet ကို တက်ရောက်ခဲ့တဲ့ ပုံရိပ်အချို့နဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ အထင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းလိုက်ရပါတယ်။

အဲ့ဒီနေ့က ပွဲမှာတော့ သူမက Vampire Make Up ပုံစံ မျက်နှာကို ခြယ်သထားခဲ့ပြီး အနက်ရောင် ဖဲ အပြောင်သားအကျင်္ီလက်ရှည်ကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ ဓာတ်ပုံထဲမှာ Hye Sun တစ်ယောက် ဝတဲ့ပုံစံမျိုးပေါက်နေတာကြောင့် ပရိသတ်အချို့ကတော့ သူမရဲ့ ပုံအောက်မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သဘောနဲ့ သို့လောသို့လော ထင်ကြေးတွေကိုယ်စီပေးခဲ့ကြတာပါ။

ဒါကြောင့်လည်း Hye Sun တစ်ယောက် Fan တွေရဲ့ မှတ်ချက်တွေကိုမြင်ပြီး နာရီပိုင်းလောက်မှာပဲ သူမရဲ့ အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် အထင်လွဲနေတဲ့ ပရိသတ်တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ဖြေရှင်းခဲ့ပုံရပါတယ်။

ကျွန်မထမင်းတွေအများကြီးစားတော့ (၁၀)ကီလိုဂရမ်တောင် ဝလာပြီလို့ ရေးသားရင်း ကိုယ်ဝန်ရှိနေတဲ့ ကောလဟာလတွေကို ပညာသားပါပါ ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

အသက်(၃၃)နှစ်ကျော်ပြီဖြစ်တဲ့ သူမကတော့ ကလေးဆန်တဲ့မျက်နှာလေးကြောင့် အရွယ်နဲ့မလိုက်အောင် နုပျိုနေဆဲဖြစ်ပြီး အသက်ငယ်တဲ့ ခင်ပွန်းသည်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခင်ပွန်းဖြစ်တဲ့ အသက်(၃၁)နှစ်အရွယ်မင်းသား Ahn Jae –Hyun ကလည်း You’re All Surrounded, Blood, Cindrella with Four Knights စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အာရှမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်။

ပရိသတ်ကိုယ်စီနဲ့ အောင်မြင်မှုရရှိထားတဲ့ သူတို့စုံတွဲဟာ (၂၀၁၆)ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ဒီနေ့အချိန်ထိ သားသမီးမရှိသေးတာမို့ Fan တွေလည်း သူမရဲ့ ပြည့်ပြည့်ဖောင်းဖောင်းပုံလေးမြင်ပြီး အထင်လွဲသွားပုံပေါက်ပါတယ်။ 

သူမဟာ Boy Over Flowers ဆိုတဲ့ F4 ချစ်သူဇာတ်ကားမှာ မင်းသားလီမင်ဟို (ဂူဂျွန်ဖြိုး) နဲ့အတူ အတွဲညီညီသရုပ်ဆောင်ခဲ့ပြီး တစ်ရှိန်ထိုးအောင်မြင်ခဲ့သူပါ ။ အနုပညာအလုပ်တွေ လုပ်ဆောင်ရင်းနဲ့ ပဲ ခင်ပွန်းသည်နဲ့ တွေ့ဆုံခဲ့ပြီး ခုလက်ရှိမှာတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆုုိင်နေပါပြီ ပရိတ်သတ်ကြီးရေ ...

သတင်းအရင်းမြစ် All Kpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။