ဟာသကားကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အူတက်အောင်ရယ်မောပျော်ရွှင်ရမယ့် ဟာသကား တစ်ကား ထပ်မံထွက်ရှိလာပါပြီလို့ သတင်းကောင်းပါးပါရစေနော် ။ "မင်္ဂလာကုတင် " လို့အမည်ရတဲ့ ဟာသကားကြီးကို ၈ လပိုင်း ၁၀ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသမယ်လို့သိရပါတယ် ။ ဒီကားထဲမှာ မြင့်မြတ် ၊ ဝတ်မှုန်ရွှေရည်နဲ့ ကျော်ကျော်ဗိုလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ ။

ဟာသ သရုပ်ဆောင်ပိုင်းတွေမှာ ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်ကို အရယ်မရပ်စေတဲ့ မြင့်မြတ်ကတော့ ဒီကားထဲမှာ ပိုက်ဆံရှိသူဌေးသားက ပ်စီးနှဲတစ် ယောက် အနေနဲ့ပါဝင်ပြီး ကစ်ကစ်ကတော့ မြင့်မြတ် တဖက်သတ်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ ။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညမှာ ဖြစ်တဲ့အခက်ခဲတွေကို ဟာသ ဆန်ဆန် ရိုက်ကူးပုံဖော်ထားတာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဟာသကားလေး တစ်ကားလို့ဆိုရမှာပါ ဘဲ ။ တခြားဟာသ သရုပ်ဆောင် ဇာတ်ရံတွေကလည်း အတွဲညီညီ သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ ။

ရွှေကစ်လေးနဲ့ မြင့်မြတ်တို့ရဲ့ လိုက်ဖက်ညီညီ သရုပ်ဆောင်မှုတွေ က ဘယ်လောက်တောင် ရယ်မော စေရမလဲဆိုတာကတော့ " မင်္ဂလာကုတင် " ဆိုတဲ့ ရုပ်ရှင်ကားကြီးထွက်တဲ့ နေ့ရောက်မှဘဲ သိရမှာဖြစ်ပါတယ် ။ Officaial trailer ကိုကြည့်ပြီး သဘောကျတယ်ဆိုရင် တော့ ပရိသတ်ကြီးလည်း ဘဝအမောတွေပြေပျောက်ဖို့သွားကြည့်လိုက်ကြပါဦးနော် ။

Source : မင်္ဂလာကုတင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။