သံစဉ်များနဲ့ကမ္ဘာ ( Melody World )သီချင်းဆိုပြိုင်ပွဲကြီး ဟာ ခေတ်တလျှောက် များပြားလှတဲ့ ဂီတငွေကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အစီအစဉ်ကြီးတစ်ခုဖြစ်ပါတယ် ။ Melody World လက်ထွက် ဂီတကြယ်ပွင့်တွေကိုမွေးထုတ်ပေးရာမှာ ဒိုင်လူကြီးများရဲ့ ဘက်မလိုက်တဲ့မှတ်ချက်တွေကြောင့် ပါဝင်ယှဉ်ပြိုင်ကြသူတွေ ရဲ့ Level အဆင့်တစ်ခုတိုင်းမှာ သိသိသာသာတိုးတက်လာကြတာလည်း ထူးခြားချက်တစ်ခုပါ ။ အထူးခြားဆုံး အချက်ကတော့ Voting နဲ့ ပြိုင်ပွဲဝင်ရတဲ့ သီချင်းဆိုပြိုင်ပွဲတွေကြားမှာ Melody World ဟာ တစ်ခုတည်းသော ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်မှုဖြင့်သာ အမှတ်ပေးတဲ့ ပြိုင်ပွဲအဖြစ် ကြံ့ကြံ့ခံရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲကို အဖက်ဖက်က နေကျင်းပဖို့ အခက်အခဲတွေမျိုးစုံရှိလာတာကြောင့် 2018 Melody World ပြိုင်ပွဲပြီးတာနဲ့ ပိတ်သိမ်းပြီဆိုတဲ့အကြောင်းကို Melody World ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ကျော်သီဟ ( မင်းသိလာမယ်) နဲ့ အားမာန် တို့က ၎င်းတို့ ရဲ့ လူမှုကွန်ယက်တွေပေါ်ကနေအသိပေးဲ့တာပါ ။ပရိသတ်တွေက တော့ ယခင်နှစ်တွေကတည်း က ပြိုင်ပွဲပိတ်သိမ်းတော့မယ့်ဆိုတဲ့ သတင်းတွေထွက်ခဲ့တာမို့ အခုတရားဝင်သတင်းထွက်လာချိန်မှာ အကြီးအကျယ်စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

တကယ့် အဆိုတော်ကောင်းတေကိုမွေးထုတ်ပေးခဲ့တာ၊ အခုတော့ ကြေကွဲပီ ကိုယ့် favစီစဉ်တစ်ခု

2007 မှာ ဆို ချမ်းချမ်း ထက်နေကြည် ကိုကိုမောင်

2008မှာဆို နီနီ အိုင်ရင်း ကျော်သီဟ ခင်စုစုနိုင် မီးနို မို့မို့လွင် ကောင်းကောင်း

2009မှာဆို ရွှေရည်ဖြိုးမောင် ဗန်းသော့ဒ်ကျင်း

2010 မှာဆို ဖြိုးပြည့်စုံ

2011မှာဆို ဝတ်ရည်ထက် အိစက်ညက်ညော

2012မှာဆို ဖူးဖူး ဂျူဝယ်လ် လှိုင်းလေး ဇွန်ဝေယံ

2013မှာဆို ထောင်ဇာနှဲမ်းဆုန်း ခိုင်ဇင်မာလာကြူး ဇင်လေး

2014မှာဆို ဂျေမိုင်းမိုင်

2015မှာဆို ခိုင်မြဲသစွာ၊ ၊ သာဒီးလူ

2016 လီဂါ ၊

ခုအောင်မြင်နေတဲ့ အဆိုတော်များစုက Melody World ကျောင်းဆင်းတေဆိုတာ ငြင်းမရပါဘူး ။ ပရိသတ်ကြီးရေ Melody World အဖွဲ့သားတွေ ရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မှတ်ချက်လေးတစ်ကြောင်းလောက်ရေးပေးသွားကြပါနော်။

Source - Kyaw Thiha / အားမာန် အားမာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။