ဦးကိုနီ ကို ပစ်သတ်ခဲ့တဲ့ ဦးကြည်လင်း ကို စစ်ဆေးနေတဲ့ အဖွဲ့အား တိုင်းရုံးဝင်းအပြင်ဘက်သို့ ပေးမထွက်ကြောင်း သတင်းရရှိပါတယ်။

ဦးကြည်လင်း ကို တိုင်းရုံးအတွင်းသို့ ဇန်​နဝါရီ ၂၉ ရက် ညပိုင်ကတည်းက ခေါ်ယူသွားခဲ့ခြင်းဖြစ်ပြီး ရဲမူးချုပ်အဆင့်က ဦးဆောင်ကာ CID အပါအဝင် စစ်ဆေးရေးအဖွဲ့တွေက အလှည်​့ကျ ​မေးမြန်​းနေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး နယ်/လုံ ဝန်ကြီးကိုယ်တိုင် စစ်ဆေးသည့်အခန်းကို ဦးစီးနေပြီး ဇန်​နဝါရီ ၃၀ ရက် မနက်ပိုင်းမှစတင်ကာ ညပိုင်း သတ်မှတ်ထားချိန်ထိ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်အဆိုရ ဦးကြည်လင်း ကို ယမန်နေ့က ဒဏ်ရာ ဆေးကုသခြင်းနှင့် အနည်းငယ်သာ စစ်ဆေးမှု လုပ်ခဲ့ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်​တကျ ဆေးသောက်စေချင် အစာစားစေချင် အိပ်စက်စေချင်စေချင်တို့ ပြုခဲ့ကြောင်းသိရသည် ... ။

စစ်မေးမှုများတွင် တူညီသောမေးခွန်းများကို ထပ်ခါထပ်ခါ အလှည်​့ကျမေးစေချင်မျိုးဖြစ်ပြီး သီးသန်​့အခန်း၌ စစ်ဆေးမှုကို တိုင်းရုံးအတွင်းမှ အခြားသူများပါ လာခွင့်မရစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် နယ်လုံဝန်ကြီးကိုယ်တိုင် ယမန်နေ့ညပိုင်းက လူမှုကွန်ယက်များတွင် ပျံနှံခဲ့သော လက်ရေးမူ စာရွက်ကိစ္စကိုပါ ထည့်သွင်းစစ်ဆေးနေခြင်းလည်းဖြစ်ပြီး စစ်မေးနေသည့် ကာလအပိုင်းအခြားတွင် လက်ကိုင်ဖုန်းကိုပါ ပိတ်ထားခိုင်းကာ ကိုင်ခွင့်မပြုကြောင်းလည်း ကြားသိရသည် ... ။

စစ်မေးမှု၏ ကနဦးရလဒ်အချို့တွင် ဦးကြည်ဝင်းက သူ့အား မဲဆောက်တွင်အခြေစိုက်သည့် ဘုရားခိုးဂိုဏ်းမှ ခေါင်းဆောင်တစ်ဦးက ငွေပေး၍ ဦးကိုနီ ကို သတ်ဖြတ်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲသောသတင်းများအရ ဘုရားခိုးဂိုဏ်း ခေါင်းဆောင်မှာ မြင့်ဆွေ ဟု ဆိုသူ ( ကုလား ) တစ်ဦးဖြစ်ကြောင်း ၊ သူ့နောက်တွင်လည်း ခိုင်းစေသူတစ်ဦး ရှိနေသည်ဟု ယူဆရကြောင်း ကြားသိရသည်။

ဘုရားခိုးအဖွဲ့သည် တစ်နိုင်ငံလုံးတွင် ပျံ့နှံနေပြီး ခိုးယူထားသော ဘုရားများကို မဲဆောက်သို့ ပေးပို့ကာ ထိုင်းမှတဆင့် မှောင်ခိုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သည်ဟု ဆိုသည် ၊ ဦးကြည်လင်း သည် မြန်မာစကားပြောတတ်သော ပန်းသေးတရုတ်တစ်ဦးဖြစ်ပြီး ပညာတတ် ဘွဲ့ရတစ်ဦးလည်း ဖြစ်ကြောင်း ၊ သူကိုင်ထားသော သေနတ်နှစ်လက်ကို ဘုရားခိုးဂိုဏ်းခေါင်းဆောင်အဖွဲ့က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဦးကြည်လင်း မှာ သေနတ်နှင့် ယဉ်းပါးသူတစ်ဦးဖြစ်ကြောင်လည်း သိရသည်။

သို့သော်လည်း ယင်းအချက်များမှာ ဦးကြည်လင်း ဘက်မှ ထွက်ဆိုမှုများသာဖြစ်ပြီး မှန်​ကန်​မှုရှိမရှိ တနည်းအားဖြင့် လုပ်ကြံမှုဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားခြင်းရှိမရှိကို အတည်ပြုနေဆဲသာဖြစ်ကြောင်း သိရသည်။

ဦးကြည်လင်း သည် ဦးကိုနီ အား ပစ္စတိုဖြင့် ပစ်ခဲ့ခြင်းမဟုတ်ပဲ ၅ လုံးပြူးသေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပစ္စတို သဘောတရားမှာ မည်မျှပင် ထိန်းနိုင်အားကောင်သည်ဖြစ်စေ ကျည်ထွက်သည်နှင့် တွန်းကန်အားကြောင့် ထိချက်လွဲနိုင်ကြောင်း ၊ သာမာန်လူတစ်ဦးဆိုလျှင် တစ်ချက်မောင်းတင်ပြီးသည်နှင့် ကျည်ဆက်တိုက်ထွက်အောင် ပစ်နိုင်သော ပစ္စတိုကို ရွေးမည်ဖြစ်သော်လည်း လက်နက်နှင့် ယဉ်ပါးသူ ဦးကြည်လင်း က ပြောင်းတို၍ ထိချက်မလွဲနိုင်သော ၅ လုံပြူးကိုရွေးကာ ပစ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းအပြင် ဦးကြည်လင်း တက္ကစီပေါ် ရောက်ချိန်တွင် ရဲက သေနတ်ဖြင့်ချိန်ပြီး အောက်သို့ဆင်းခိုင်ချိန်၌ အသာတကြည်ပင် ၅ လုံးပြူးကိုချ၍ အောက်သို့ဆင်းကာ ရုတ်တရက်ဆိုသကဲ့သို့ ခါးကြားတွင်ထိုးခဲ့သော ပစ္စတိုဖြင့် ပစ်ခဲ့ကြောင်း ၊ ပစ္စတို မှာ အရှိန်ပြင်းသောကြောင့် ထိချက်လွဲခဲ့သဖြင့် ရဲတပ်သားမှာ သက်သာရာရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးကြည်လင်း သည် ဘုရားခိုးဂိုဏ်းဝင်တစ်ဦး ဖြစ်ကြောင်း ၊ ဘုရားခိုးမှုဖြင့် ထောင် ၂၇ နှစ် ချခံထားရသော်လည်း ၂၀၁၄ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာခဲ့သူဖြစ်ကြောင်း သိရသည်။

မန္တ​လေး လိပ်စာဖြစ်သော်လည်း မန္တ​လေးသား မဟုတ်ကြောင်း ယမန်နေ့ညက ရဲတပ်ဖွဲ့ဝင်စစ်ခဲ့သော မန္တ​လေးရှိ အိမ်မှာလည်း ဦးကြည်လင်း နေထိုင်ခဲ့ရာ အိမ်မဟုတ်ကြောင်း မန္တ​လေး နယ်လုံဝန်ကြီးကပြောသည်။

ယင်းအတွက်ကြောင့် ဦးကြည်လင်း ၏ မူလဇာတိဖြစ်သော စိုင်လျားကျေးရွာကို CID နှင့် စစ်ဆေးရေးအဖွဲ့များက သွားရောက်ခဲ့ပြီး အခြားသော ဘာသာရေးအသင်းအဖွဲ့ ၊ နိုင်ငံရေးအသင်းအဖွဲ့များနှင့် ဆက်စပ်မှုရှိမရှိကို မေးမြန်းခဲ့ကြကြောင်းကြာသိရသည် ၊ ဦးကြည်လင်း သည် စိုင်လျားကျေးရွာမှ ထွက်ခွာသွားသည်မှာ ၅ လ ခန့်ရှိပြီးဖြစ်ကြောင်း ၊ ရွာတွင်ရှိစဉ်ကတောင် သူ့လုပ်ငန်းကို ကောင်းမွန်စွာ လုပ်ကိုင်ခဲ့သော်လည်း တစ်​ခါတစ်​ရံ လေးငါးရက်ပျောက်သွားခဲ့ကြောင်း သိရသည်။

ဦးကြည်လင်း ၏ ရွာနာမည်မှာ ဦးဖိုးတူးဖြစ်ပြီး အသက် ၂၀ ခန့်ကတည်းက ​ကျေးရွာမှ ထွက်သွားခဲ့သူဖြစ်ကာ ရွာကိုလည်ူ လွန်ခဲ့သော နှစ်နှစ်ခန့်က အကျဉ်းထောင်မှလွတ်၍ ပြန်လာခဲ့သူဖြစ်ကြောင်း ကြားသိရသည်။ လက်ရှိအချိန် ယခုညပိုင်းတွင်လည်း ဦးကြည်လင်း ကို တိုင်းရုံးအတွင်း၌ ပူးပေါင်းအဖွဲ့က အလှည်​့ကျ စစ်မေးနေခြင်းပင်ဖြစ်သည်။

Credit : Thein Moe

Source : Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။