ချစ်သက်လို့ ပရိသတ်တွေချစ်စနိုးခေါ်ဝေါ်တတ်တဲ့ သက်မွန်မြင့်တစ်ယောက် ဒီကနေ့ 23.7.2018 မှာ သူမဟာ အသက် 36 နှစ် ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်း တွေကို ဆယ်စုနှစ်တစ်စုစာမကလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ခင်အားပေးသူ ပရိသတ်တွေကလည်း အများအပြားပါပဲ။ မော်ဒယ်အဖြစ်နဲ့ စတင် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ေ်ဆာင်မင်းသမီးအဖြစ်နဲ့ ယနေ့ထက်တိုင် ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။

ချင်းတိုင်းရင်သူလေးဖြစ်ပြီး သူမရဲ့စကားသံဝဲ၀ဲလေးဟာ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါ တယ်။ အနုပညာအလုပ်တွေကို ထူးချွန်စွာလုပ်ကိုင်ရင်း 2012 ခုနှစ်မှာ အာဒံရယ်ဧဝရယ် ဒဿရယ် ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရခဲ့ပြီး 2016 မှာတော့ ချစ်လှစွာသော အမုန်းဇာတ်ကားနဲ့ ဒုတိယအကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့ကာ ထပ်ဆင့် အကယ်ဒမီသက်မွန်မြင့်အဖြစ်ကို ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ဟာ သူမရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးဖြစ်ကြောင်းကို သူမရဲ့ Facebook ကနေတဆင့် " Happy Birthday to me! WLTM က ချစ်သက်ရဲ့ အချစ်လေးတွေ လုပ်ပေးထားတာ ဒီနှစ် 2018 ကစလို့ ဒီမွေးနေ့မတိုင်ခင်ထိ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးအကောင်းတွေက သိပ်ကိုပြင်းထန် ခဲ့ပါတယ်.. ဒါက ကျွန်မကိုပိုပြီး လူပီသစေပါတယ်.. ပိုပြီး အတွေ့အကြုံတွေနဲ့ ရင့်ကျက်စေပါ တယ်.. ပို သတ္တိရှိစေပါတယ်.. ပိုကြိုးစားရပါတယ်.. ကိုယ်ယူချင်လို့ ယူထားရတဲ့တာဝန် တွေ တွက် တွန်းအားတွေပါပဲ.. သေချာတာ လောကဓံနဲ့ စစ်တိုက်ရတဲ့ခါ ကျွန်မ တစ်နှစ် ထက်တစ်နှစ် ပိုသတ္တိရှိစွာ ရင်ဆိုင်နိုင်လာတယ် အဲ့တွက် ကျေနပ်တယ် ချစ်တယ် " ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ အသက် 36 နှစ်ပြည့်မွေးနေ့ လေးဖြစ်ပါစေ ချစ်သက်ရေ။

Photo - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။