အက်ဖ်အေဖလား ပဥ္ဓမအဆင့်မဲခွဲမှုတွင် အာဆင်နယ် အသင်းသည် Non-League အသင်း တစ်သင်းဖြစ်သည့် ရှက်တန်ယူနုုိက်တက် အသင်းဖြင့် ရင်ဆုုိင်သွားရမည် ဖြစ်ပြီး၊ မန်ယူအသင်းက ပြိုင်ဘက်ဟောင်း ဘလက်ဘန်းအသင်းဖြင့် ထိပ်တုုိက်ရင်ဆုုိင်သွားရမည် ဖြစ်သည်။ ထုုိ့အပြင် ဘန်လေအသင်းသည် လည်း နေရှင်နယ်လိဂ်မှ လင်ကွန်းအသင်းဖြင့် ရင်ဆုုိင်သွားရမည် ဖြစ်ကာ စပါးအသင်းက ဖူလ်ဟမ်အသင်းဖြင့် ကစားသွားရမည် ဖြစ်သည်။

ချဲလ်ဆီးအသင်းက လီဗာပူးလ် အသင်းကုုိ အနုုိင်ယူခဲ့သော ၀ုုလ်ဗာဟမ်တန် အသင်းဖြင့် အဝေးကွင်းတွင် သွားရောက်ရင်ဆုုိင်ရမည်ဖြစ်သလိုု၊ မန်စီးတီးအသင်းက ဟက်ဒါစဖီးတောင်းအသင်းဖြင့် ရင်ဆုုိင်သွားရမည် ဖြစ်သည်။ လက်စတာစီးတီးအသင်းနှင့် ဒါဘီကောင်တီတုုိ့ အသင်းနှစ်သင်းမှ အနုုိင်ရရှိလာမည့် အသင်းက မီလ်ဝေါလ်အသင်းဖြင့် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။ အက်ဖ်အေဖလား ပဥ္ဓမအဆင့်ပွဲစဉ်များကုုိ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၀) ရက်နေ့များတွင် ကစားသွားရမည် ဖြစ်ကြောင်းလည်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။