မော်လ်ဒယ်အနုပညာလောကမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေး နန်းရွှေအေး(ဟန်လေး)ကတော့ သူမရရှိခဲ့တဲ့ အနုပညာကြေးငွေအချို့နဲ့ လှူဒါန်းမှုများ ပြုလုပ်ကုသိုလ်ယူခဲ့ပါတယ်..။

ဇူလိုင်လ(၂၂)ရက်နေ့က မိသားစုနဲ့အတူ သံဃာတော်များနဲ့ ကိုရင်ငယ်လေးတွေအတွက် သင်္ကန်းနဲ့လှူဖွယ်ပစ္စည်းများအပြင် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းက ကလေးငယ်လေးတွေအတွက်ပါ အာဟာရမုန့်များပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..

သူမရဲ့ ကြည်နူးစရာအလှူပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားပြီး သူမရဲ့မိသားစုအတွက်ရည်ရွယ်ပြီး သင်္ကန်များကပ်လှူဒါန်းခဲ့စဉ် တစ်ယောက်သောသူ အတွက်ပါ ရည်ရွယ်လှူဒါန်းခဲ့တဲ့အကြောင်းလေးကိုလည်း ဟန်လေးက ပြောပြထားပါသေးတယ်..။

“သင်္ကန်း ၅စုံ ကပ်လှူ အဖေ အမေ မောင်လေး ကျမ တစ်ယောက်သောသူ..” ဆိုပြီး အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့အဲ့ဒီပို့စ်အောက်မှာလည်း တစ်ယောက်သောသူက ဘယ်သူဖြစ်မလဲဆိုပြီး ပရိသတ်တွေကလည်း စိတ်ဝင်တစား Comment လေးတွေ ရေးသားထားကြတာ တွေ့ရပါတယ်..။

မော်လ်ဒယ် နန်းရွှေအေးရဲ့ ကြည်နူးပီတိဖြစ်စရာ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဟန်လေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။