ပုရိသတွေကြားမှာ ရေပန်းစားလွန်းပြီး Lady Boy ဘဝကနေ မိန်းကလေးဘဝကို ခွဲစိတ်ကူး ပြောင်းသွားတဲ့ မျိုးကိုကိုစန်းရဲ့ အလှအပလေးတွေကတော့ ပုရိသတွေအသည်းကို တဖြုတ်ဖြုတ်ကြွေကျသွားစေခဲ့ပါတယ် ။ချစ်စရာကောင်းတဲ့အမူအရာ လေးတွေကြောင့် အားလုံးရဲ့ ဝန်းရံမှုကို ရရှိနေသူလေးဆိုလည်း မမှားပါဘူးနော် ။ လတ်တလောမှာတော့ မကြာသေးမီကမှ သရုပ်ဆောင်မင်းသားချောလေး အောင်မင်းခန့် ရဲ့ စိန်ခေါ်မှုပြုလုပ်ခဲ့ တာကို သူမက ပြန်လည်ချေပလိုက်ပါတယ် ။

အဲဒါကတော့ " မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် " ဆိုတဲ့သီချင်းလေးနဲ့ ကဖို့ challenge လုပ်ခံရတာဘဲ ဖြစ်ပါတယ် ။ ပထမ တစ်ခေါက်ကတော့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူနဲ့ MRTV 4 ရဲ့ Presenter တစ်ယောက် ဖြစ်တဲ့ ကောင်းထက်ဇော်တို့ရဲ့ Challenge ကတော့ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်း စားခဲ့တာပါ ။ အောင်မင်းခန့်ကလဲ မော်ဒယ် ရွှေအိမ်စည်ရဲ့ Challenge ကို ကပြခဲ့တာဖြစ်ပြီး သူ့ရဲ့ပရိသတ် တွေကတော့ အရမ်းကိုသဘောကျနေကြတာပါ ။ အောင်မင်းခန့်ကနေ တစ်ဆင့် မျိုးကိုကိုဆန်းကို ပြန်လည် စိန်ခေါ်ခဲ့တာ ဖြစ်ပြီး သူမ ကထားတာလေးက အရမ်းကို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအရမ်းကို သဘောကျနေကြတာပါ ။

အခုတစ်ခါမှာတော့ ပရိသတ်အချစ်တော်လေး Lady Boy တစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းကတော့ သရုပ်ဆောင် မင်းသားချောလေး ထက်အောင်ရှိုင်းကို ထပ်မံပြီး challenge လုပ်လိုက်ပြန်ပါပြီ ။ ထက်အောင်ရှိုင်းကရော ဘယ်သူ့ကိုပြန်ပြီး Challenge လုပ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါဘဲ ပရိသတ်ကြီးရေ ။

Source : Myo Ko Ko San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။