သရုပ်ဆောင်ဖြူဖြူထွေးကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။အနုပညာလောကထဲကိုဟာသဗီဒီယိုလေးတွေ ရိုက်ကူးရင်းနဲ့ ပရိသတ်တွေသိရှိလာခဲ့ပြီး နောက်ပိုင်းသူမရဲ့ ကြိုးစားမှုတွေကြောင့်အောင်မြင်လာတာကိုလည်းတွေ့မြင်ရပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာတော့ သူမဟာ "မညိုးသော ပန်းတပွင့်"ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ မှာပါဝင်သရုပ်ဆောင်မယ်လို့လည်းသိရပါတယ်။"မညိုးသော ပန်းတပွင့်"ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာတွေ့ရတဲ့ ဖြူဖြူထွေးရဲ့ယဉ်ယဉ်လေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းဟာတော့ ဖြစ်ရပ်မှန်ဇာတ်ကားလို့လည်းသိရပါတယ်။ဒီဇာတ်ကားလေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကရိုက်ကူးမှာဖြစ်ပြီး ပညာပေးဇာတ်လမ်းလေးလို့လည်းသိရပါတယ်။ပရိသတ်ချစ်တဲ့ ဖြူဖြူထွေးသရုပ်ဆောင်မယ့်ဇာတ်ကားလေးကိုလည်း အားပေးကြပါအုံးနော်...

သတင်းအရင်းအမြစ်-ဖြူဖြူထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။