Selena Gomez ဟာ 2018 ခုနှစ်အစောပိုင်းကလောက်နေ ချစ်သူဟောင်းဖြစ်သူ Justin Bieber နဲ့ လမ်းခွဲပြီးနောက် မည်သူနဲ့မှ တရားဝင်ချပြ တွဲနေခြင်းမရှိတာကြောင့် လက်ရှိမှာတော့ Single တစ်ယောက် အဖြစ် ဘဝကို အကောင်းဆုံးဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ The Dead don't die ဆိုတဲ့Zombie Moive ကို ခေါင်းဆောင်မင်းသမီး တစ်ယောက် အနေနဲ့ ပါဝင်ရိုက်ကူးနေပြီး သူမရဲ့ အားလပ်ချိန်မှာတော့ သူမကို ချစ်ခင်ကြတဲ့ သူငယ်ချင်းမိသားစုတွေနဲ့ အတူ အချိန်ကောင်းတွေကို ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇူလှိုင်လ(၂၂) ရက်နေ့ဟာ ရဲ့ အသက်(၂၆) နှစ်ပြည့် မွေးနေ့ဖြစ်ပြီး သူမ အနေနဲ့ တစ်သက်တာ မမေ့နိုင်တဲ့ အမှတ်တရကောင်းလေးတွေကို သူမရဲ့သူငယ်ချင်းတွေက ယူဆောင်ပေးခဲ့တာဖြစ်ပါတယ်။ မွေးနေ့ မတိုင်ခင် တစ်ရက် ကြိုတင် အကြိုမွေးနေ့ ပြုလုပ်ခဲ့ပြီး သူမ ရဲ့ မွေးနေ့ ပါတီပွဲကိုတော့ နယူးယောက်မြို့ မြစ်ကမ်းတစ်နေရာရဲ့ အပျော်စီး သင်္ဘောပေါ်မှာ Pasta Party ပွဲ ကျင်းပပြီး မွေးနေ့ ကိတ်ခွဲခဲ့တာဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့မှာ သုံးထပ်ဒီဇိုင်း အပြာရောင် ကိတ်လေးနဲ့ ကိတ်ရဲ့ ထိပ်ဆုံးမှာ " S " ဆိုတဲ့ Selena ကိုရည်ညွန်းတဲ့ စာလေးကို ပုံဖော်ထားပြီး ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတတွေ ဖြစ်တဲ့ အဖြူ နဲ့ အပြာနုရောင် ပန်းပွင့်လေးတွေကို ကိတ်မှာ အလှဆုံး အစီအရီ ဖောက်လို့ အလှဆင်ထားပါတယ်။ Birthday သီချင်းဆိုလို့ အပြီးမှာတော့ ပူပေါင်းနဲ့ ဖဲကြိုးတွေ နဲ့တကွ သူမကို Suprise လုပ်ခဲ့ပြီး ကိတ်ခွဲပြီးနောက်မှာ တော့ သင်္ဘောပေါ်မှာ သီချင်းဖွင့်ကာ သူငယ်ချင်းတွေ အားလုံးနဲ့ လက်ကိုင်ပုဝါတွေကို ဝှေ့ရမ်းကခဲ့ကြပါတယ်။

သူမအတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ရှန်ပိန် တစ်ခွက်စီနဲ့ ကိုင်လို့ ကိုယ်စီဂုဏ်ပြု ခဲ့ကြသလို ပါတီပိတ်ပွဲ ကတော့ သူမရဲ့ ကိတ်တွေနဲ့ အချင်းချင်း ပစ်ပေါက်တမ်းဆော့ကစားခဲ့ကာ ပွဲသိမ်းခဲ့ကြပါတယ်။ သူမနဲ့ မွေးနေ့ ဖြတ်သန်းခဲ့ကြသူတွေကတော့ sam lopez ၊ connarfranklin ၊ Jojo Anavim ၊Theresa ၊Raquelle ၊courtney jbarry တို့နဲ့ အတူ အခြားသော သူငယ်ချင်းတွေ ပါဝင်ခဲ့ကြပြီး Selena ရဲ့ best Friend တွေထဲက တစ်ယောက်ဖြစ်တဲ့ taylor swift ကတော့သူမရဲ့ Reputation Concert tour ပွဲအတွက် မအားလပ်နေခဲ့လို့ Selena မွေးနေ့ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ သို့ပေမဲ့လည်း Selena ရဲ့ မွေးနေ့ အတွက် ကိတ်တစ်လုံးခွဲကာ အဝေးကနေ မွေးနေ့ ဆုတောင်းနဲ့ တကွ မွေေးန့ပွဲကို စိတ်တွေ ရောက်နေတဲ့ အကြောင်း ဆိုလိုက်ပါတယ်။

source:Selena Gomez News;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။