အနုပညာလောကရဲ့ နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြသလို ပရိသတ်အားပေးမှုရရှိထားကြသူတွေလည်းဖြစ်တဲ့ မင်းသား မင်းသမီးတွေထဲမှာတော့ အောင်ရဲလင်း နဲ့ ပက်ထရစ်ရှာ တို့လည်း ပါဝင်ပါတယ်။ ဘော်ဒီတောင့်တောင့် ဖက်ရှင်ကျကျနဲ့ အမြဲသပ်ရပ်နေတတ်တဲ့ အောင်ရဲလင်း နဲ့ ခေတ်နဲ့အညီ ဝတ်စားတတ်ပြီး သွက်လက်တဲ့ဟန်ပန်ရှိတဲ့ ပက်ထရစ်ရှာတို့ နှစ်ဦးကတော့ Unique Brand ရဲ့ ကြော်ငြာမော်ဒယ်လ်တွေလည်း ဖြစ်ကြပါတယ်။ 

နှစ်ဦးအတူ ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားတော်တော်များများလည်း ထွက်ရှိထားပြီး ကြော်ငြာ ဓာတ်ပုံတွေမှာလည်း သူတို့နှစ်ဦးကို မကြာမကြာတွေ့ရတတ်ပါတယ်။ ပြင်ပလောကမှာလည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ သူတို့နှစ်ဦးကတော့ ရုပ်ရှင်ရိုက်ကူးရာမှာလည်း အတွဲညီတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ကြပါတယ်။ ရှာရှာကတော့ အောင်ရဲလင်းက သူ့ရဲ့ celebrity crush ဖြစ်ကြောင်းကိုလည်း အောင်ရဲလင်းအတွက် မွေးနေ့ဆုတောင်းစကားမှာ ထည့်ရေးထားတာ တွေ့ရပါတယ်။ 

သူတို့နှစ်ဦးဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ကြပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်လို့ နေတာတွေ့ရပါတယ်။ နောက်ပိုင်းဇာတ်ကားရိုက်ကူးမှုတွေကို စီစစ်ရွေးချယ်နေကြတဲ့ သူတို့ရဲ့ ဇာတ်ကားတွေကိုတော့ ပရိသတ်တွေက စောင့်မျှော်နေကြတယ်လို့လည်း သိရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် အောင်ရဲလင်းနဲ့ ရှာရှာတို့ရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်........

Photo Source : Sue Sha Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။