အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေအမြဲဖမ်းစားတတ်တဲ့ မော်လ်ဒယ်မင်းသမီးချောလေး ဧငြိမ်းဖြူ ကတော့ ဘိုဆန်တဲ့ အလှတရားတွေအပြင် သူမရဲ့အမိုက်စားပုံရိပ်လေးတွေက ပရိသတ်တွေရဲ့ အမြင်အာရုံတွေ ညို့ယူဖမ်းစားထားပါတယ်..။ သူမဟာ အဆိုတော်ရဲရင့် အောင်ရဲ့ချစ်သူလည်း ဖြစ်ပြီး မော်ဒယ်လ် နဲ့သရုပ်ဆောင် အပြင် ငယ်ငယ်ထဲက မက်ခဲ့ရတဲ့ အိပ်မက်က Dancer တစ်ယောက်ဖြစ်ဖို့ပါတဲ့ ။

သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ၃ကားမြောက်ရုပ်ရှင်ကားကြီးအတွက် အကလေ့ကျင့်နေ ပြီး မကြာခင်ရိုက်ကူးတော့မယ်လို့လည်း သိရပါတယ် ။ သူမဘဝမှာ အရမ်းဖြစ်ချင်တဲ့ သူမအိမ်မက်ဖြစ်တဲ့ ငယ်ငယ်လေးထဲက ဝါသနာပါခဲ့တဲ့အပြင် သူမကိုယ်တိုင် လည်း အရမ်းကို ရိုက်ကူး ချင်နေတဲ့ အကကားကို သူမရဲ့မိဘတွေကလည်း ပံ့ပိုးပေးတဲ့ အတွက် အကောင်းဆုံး ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ် ။

အပြာရောင်သတို့သမီးဝတ်စုံဟာ သူမရဲ့လိုက်ဖက်လွန်းပြီး အရမ်းကိုကြည့်ကောင်းလွန်းနေပါ တယ်။ ဒီဝတ်စုံလေးကိုဝတ်ပြီး သူမရဲ့အလှပဆုံးပုံရိပ်တွေကို " မိန်းကလေးရဲ့အိမ်မက်ဟာ တစ်သက်မှာ တစ်ခါတော့ Wedding Dressလေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ချင်ကြတယ် " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ အလှပဆုံး ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။