ကမ္ဘာကျော် ပေါ့ခ် ၊ ရောခ့် အဆိုတော် Demi Lovato ကတော့ လတ်တလော ကမ္ဘာ့ဂီတလောကို ရိုက်ခတ်စေနိုင်ခဲ့တဲ့ သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ သူမဟာ TMZ report သတင်းအရ မနေ့ ည ဇူလှိုင်လ(၂၄) ရက်နေ့က Hollywood Hillsက အိမ်တစ်အိမ် မှာ heroin ခေါ် (ဘိန်းဖြူ) သုံးစွဲရင်း Overdosed ဖြစ်ကာ ညတွင်းချင်း သူမကို Los Angeles က ဆေးရုံတစ်ခုကို အရေးပေါ် အခြေအနေနဲ့ တင်ပို့ ခဲ့ ရပြီး သူမရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကိုတောင် ဘယ်သူမှ မပြောနိုင်သေးတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

Demi ကို ချစ်ခင်ကြတဲ့ အနုပညာရှင် ဂီတပညာရှင်၊ အဆိုတော်တွေ ဖြစ်ကြတဲ့ Ellen DeGeneres, Ariana Grande, Brad Paisley ,Lady Gagaနဲ့ Shawn Mendes တို့ အားလုံးက We Love You ဆိုပြီး ဆုတောင်းစကားတွေ ဆိုခဲ့ကြသလို လမ်းခွဲခဲ့ပေမဲ့လည်း ယနေ့တိုင် အချစ်မပြယ်နိုင်သေးတဲ့ Demi Lovato ရဲ့ ချစ်သူဟောင်းဖြစ်သူ Wilmer Valderrama ကလည်း ဝမ်းနည်းပက်လက် ဆုတောင်းစကားတွေ ခြွေခဲ့ပါတယ်။Wilmer ဟာ (၆) နှစ်တာ ကာလလောက် ချစ်သူသက်တမ်း ရှိခဲ့ ကြတဲ့ သူရဲ့ ချစ်သူဟောင်း ဖြစ်သူ Demi အတွက် " please pray for my demi; no matter who or you believe, please mention it in your prayers. I can't lose her, I can't lose the love of my life"လို့ရယ် သူ့ရဲ့ ကိုယ်ပိုင် facebook စာမျက်နာထက်ကနေ ဆုတောင်းစကားတွေပါ တောင်းဆိုခဲ့ပါတယ်။

Wilmer Valderramaကတော့ အသက်(၃၈) နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် သရုပ်ဆောင်၊ ထုတ်လုပ်သူ မင်းသားဖြစ်ပြီး နဲ့ 2010 ခုနှစ်မှာ စတင် Date လုပ်ခဲ့ပြီး နှစ်ဦးစလုံးတစ်ယောက်ကိုတစ်ယောက် တကယ်ချစ်မြတ်နိုးသလို ကံမကောင်းစွာနဲ့ပဲ 2016 ခုနှစ် ၊ ဇွန်လ လောက်မှာ ပြန်လည်လမ်းခွဲခဲ့ပါတယ်။ လက်ရှိမှာ နှစ်စလုံး Single တွေ ဖြစ်ကြသလို တစ်ယောက်ကို တစ်ယောက် သံယောဇဉ်အမျှင်အတန်းလေးတွေကတော့ မပြတ်သေးဘူးလို့ ဆိုရမှာပါ။

source: www.billboard.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။