ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်မိသားစုလေးတွေထဲမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချော လူမင်းရဲ့ မိသားစုလေးကလည်း ထိပ်ဆုံးကပါဝင်နေမယ် ထင်ပါတယ်။အမြဲတစေစည်းစည်းလုံးလုံး၊သိုက်သိုက်ဝန်းဝန်းနဲ့ ကြည်နုးစရာမိသားစုလေးအဖြစ် ရှိနေကြတာပဲ ဖြစ်ပါတယ်။ပျော်ရွှင်ဖွယ်ခရီးတွေ၊မိသားစုအလှူဒါနပြုပုံလေးတွေနဲ့ တကယ်ကိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လူမင်းတို့မိသားစု လေးကတော့ ပရိသတ်တိုင်းရဲ့ ပါးစပ်မှာပြောစမတ်တွင်နေခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေအားကျရတဲ့ လူမင်းတို့မိသားစုလေးကတော့ သိုက်သိုက်ဝန်းဝန်းနဲ့ မိသားစုခရီးလေးထွက်နေကြပြန်ပါတယ်။သူတို့ကတော့ ဇူလိုင်လ(၂၄)ရက်နေ့မနေ့က ကျိုက်ထီးရိုးးဘုရားကြီးကို သွားရောက်ဖူးမျော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ရာသီဥတုအခြေအနေက ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း ခါဝသန်မိုးစက်တွေ နေ့စဉ်ဆိုသလို ရွှာသွန်းဖြိုးနေမယ့် သူတို့မိသားစုလေးက တော့ ကုသိုလ်ရေးအတွက်ဆို နေပူမရှောင်မိုးရွှာမရှောင် ကုသိုလ်ယူခဲ့ကြသည်မှာတကယ်ကို လေးစားစရာပါပဲ။ 

လူမင်းရဲ့ လူမှုကွန်ယက်မှာလည်း " မိုးထဲလေထဲကျိုက်ထီးရိုးဘုရားဖူး" ဆိုတဲ့စာလေးနဲ့ အတူသူတို့မိသားစုလေးရဲ့ ပျော်ရွှင်ဖွယ်ကြည်နူးဖွယ်ရသမျိုးစုံကို ပေးစွမ်းနေတဲ့ ပုံရိပ်လေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။သူတို့မိသားစုပုံလေးတွေမြင်ရတိုင်း ပရိသတ်တိုင်း ကြည်နူးမှုတွေကူးစက်စေရမှာ ဧကန်မလွဲပါပဲနော်။Myanmar loadပရိသတ်ကြီးအတွက်လည်း ပရိသတ်တွေရဲ့ IDOL မိသားစုလေးရဲ့ ကုသိုလ်ပြုမှုတွေကို သာဓုခေါ်ဆိုရင်း ကြည်နူးမှုတွေကူးစက်စေဖို့ မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။