ပျိုပျို အိုအို ၊ နုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ ဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ခေါ် ဦးစိုင်းကတော့ လူငယ်တစ်ယောက်အနေနဲက သာမက အနုပညာရှင် တစ်ယောက် အနေနဲ့ပါ စံထားရတဲ့ လူငယ်တစ်ယောက်လို ဆိုရမှာပါ။Guiter, Piano, Fluteနဲ့ Violin စသဖြင့် ဂီတ တူရိယာ (၄) မျိုး တီးခတ်တတ်ပြီး Hip hop ဂီတကို ရူးသွပ်တဲ့ Hip hop အဆိုတော် တစ်ဦး ဖြစ်သလို R & B အမျိုးအစား သီချင်းတွေကို ပါ မကြာခဏ ဆိုလေ့ရှိသူ ဖြစ်ပါတယ်။

နှစ်ပေါင်း ဆယ်စုနှစ် မက သော သရုပ်ဆောင်၊ ဂီတ နဲ့ ရုပ်ရှင်လောက တွေမှာပါ လွမ်းမိုးနေရာ ယူထားနိုင်တဲ့ မင်းသား၊ အဆိုတော် ဖြစ်သလို အလျင်းသင့် ရင် ပင်ကိုယ်က ပါလာခဲ့တဲ့ စာပေကို ချစ်မြတ်နိုးတဲ့ ဝါသနာအတိုင်း စာတွေ၊ ဆောင်းပါး၊ ဝတ္ထုတွေ ရေးတတ်တဲ့ လူငယ်စာရေး ဆရာ တစ်ဦးလည်းဖြစ်ပါတယ်။ စိတ်ကူး အကြံညဏ်ကောင်းသလို အမြင်ကျယ်တဲ့ အတွက် မိန်းကလေး ပရိသတ်တွေကို နောက်ထပ် ဆွဲဆောင်ထားနိုင်တဲ့ အရာလေး တစ်ခုကတော့ SAI cosmetics Company , SAI Product ရဲ့ တည်ထောင်သူ တစ်ဦး ဖြစ်လာခြင်းပါပဲ။

SAI Product ဟာ မိန်းကလေးတွေ ကြားမှာ ရေပန်းစားတဲ့ Product တစ်ခု ဖြစ်သလို လက်ရှိ မကြာသေးခင်က လည်း ထုတ်ကုန် အသစ်လေးတွေ ထွက်ရှိလာတာ မို့ အားလုံးက စိတ်ဝင်စားလို့ နေပါတယ်။1969 ခုနှစ် ၊ အေပရယ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၃၉) နှစ် ပြည့် ခဲ့ပြီ ဖြစ်သလို အသက်နဲ့ မလိုက်အောင် ငယ်ရွယ် နုပျို လွန်းတဲ့ စန်း နဲ့ အောင်မြင်မှုတွေ ကြောင့် မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ရတဲ့ ပြည်သူချစ် အနုပညာရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ပြု ဖို့ အစီအစဉ်တွေလည်း မရှိသေးလို့ လက်ရှိမှာ ချစ်သူ မရှိတဲ့ ဘကြီးစိုင်းကတော့ FA ဘိုးအေကြီး လို့ တင်စားရမှာပါနော်။

ဦးစိုင်းရဲ့ သူငယ်ချင်းဖြစ်သူ ဘရားသား ဂျွန်၊ သက်မွန်၊ သီရီဆွေ ၊ ငယ်ငယ် တို့ကတော့ အသီးသီး အိမ်ထောင် ကျသွားခဲ့ပြီ ဖြစ်သလို ခုချိန်ထိ ချစ်သူတောင် အတည် မထားသေးတဲ့ ဦးစိုင်းကတော့ ပရိသတ်တွေ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါနော်။ သူငယ်ချင်းတွေနဲ့ Group ဖွဲ့ပြီး Video call ခေါ်တာကြောင့် ဂရုစိုက်မဲ့ သူမရှိလို့ စိတ်မကောင်းဖြစ်နေတဲ့ ဘကြီးစိုင်း အတွက် ဒီအချိန်မှာ ဂရုစိုက်မဲ့ ဆေးပေးမီးယူတစ်ယောက် တော့ လိုအပ်နေပြီထင်ပါတယ်နော်။ ဘကြီးစိုင်းသာ အိမ်ထောင်ပြုမယ် ဆိုရင် အသည်းကွဲမဲ့ မိန်းမလှလေးတွေ အများကြီး ရှိသလို လက်ထပ်ဖိုက တိုက်တွန်းနေတဲ့သူတွေလည်း အများကြီးပါပဲ နော်။ ပရိသတ်ကြီးကော ဘကြီးစိုင်းကို အိမ်ထောင်ပြု စေချင်ပြီလား....။

source: Sai Sai Kham Leng ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။