ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့တဲ့ ဟာသသရုပ်ဆောင်အောင်ရဲထွေးကိုအားလုံးသတိရနေအုန်းမယ်ထင်ပါတယ်။ လူတစ်စုရဲ့ နှိပ်စပ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုနှင့်ပတ်သက်ပြီး လူသတ်မှုပုဒ်မဖြင့် အရှေ့ပိုင်းခရိုင်မှာ အမျိုးသားသုံးဦးအ။ တရားစွဲဆိုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါ အမှုရဲ့ တရားခံသုံးဦးအား အမှုပြန်လည်ရုပ်သိမ်းခဲ့လိုက်ပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုထံမှ သိရပါတယ်။ 

အဆိုပါ အောင်ရဲထွေးအမှုဖြင့် ဖမ်းဆီးထားသည့် သန်းထွဋ်အောင် ပါ သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားရုံးအမှုအမှတ် ၃၄/၂၀၁၈ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ကြားနာစစ်ဆေးခဲ့ကာ ဇူလိုင် ၂၅ ရက်က ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ဇူလိုင် ၆ ရက် နေ့စွဲဖြင့် ပေးပို့လာသည့် စာအရ အမှုအား ရုပ်သိမ်းခွင့်ပြုကြောင်း ပြန်ကြားလာချက်အရ အမှုစစ်တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ အမှုအားရုပ်သိမ်းခွင့်ပြုပြီး ဖမ်းဆီးတရားစွဲဆိုထားသူသုံးဦးကို အမှုမှ ပြန်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုနှင့်ပတ်သက်ပြီး အမှုရုတ်သိမ်းခဲ့ခြင်းမှာ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုကို ကျဆင်းစေကြောင်း ဥပဒေအကျိူးဆောင်များကလည်း သုံးသပ်ပြောဆိုကြတာတွေ့ရပါတယ်။ လက်ရှိ အမှုပြန်လည်ရုပ်သိမ်းမှုကြောင့် အသက် ၂၈ နှစ် ကျော်ဇော (ခ) ကျော်ဇော်ဟန်၊ အသက် ၂၆ နှစ် သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့သုံးဦးအား ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Source - မြန်မာတိုင်းမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။