နာမည်ကျော်သရုပ်ေ်ဆာင်တစ်ဦးဖြစ်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်းတို့မိသားစုသုံးယောက်ရဲ့ ကြည်နူး စရာ မိသားစုပုံရိပ်လေးတွေက တကယ်ကို ချစ်စရာ ကောင်းလွန်းပါတယ်။ ဖေဖေရယ် မေမေ ရယ် သားသားလေးရယ် ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေဟာ ပျော်ရွှင်စရာမိသားစုဘဝလေး ရဲ့ ပုံရိပ် တွေကို ထင်ဟပ်နေစေပါတယ်။

အောင်မြင်တဲ့မင်းသမီးအဖြစ်နဲ့ အနုပညာလောကမှာလျောက်လှမ်းပြီး အိမ်ထောင်ပြုပြီး ချစ်စဖွယ် သားလေးရပြီးနောက်ပိုင်းမှာတော့ သူမက မိသားစုကိုအချိန်အပြည့်အဝပေးဖို့ အတွက် အနုပညာ လုပ်ငန်းတွေကိုရပ်နားလိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်သားလေး ဟာလည်း မိခင်နဲ့ တစ်ပုံစံတည်းတူပြီး အရမ်းကိုချစ်ဖို့ကောင်းလွန်းနေပါတယ်။

သူမတို့မိသားစုရဲ့ကြည်နူးဖွယ်ရာပုံရိပ်လေးတွေကို Instagram စာမျက်နှာထက်မှာ တင်ထားတာ ဖြစ်ပါ တယ်။ တကယ်ကို အပြုံးတွေဝေေ၀ ဆာဆာနဲ့ ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးဟာ မြင်သူတိုင်းကိုလည်း ထပ်တူပျော်ရွှင်စေတဲ့ အငွေ့အသက်တွေခြုံ လွှမ်းလို့နေပါတယ်။ ချစ်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့ မိသားစုရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Thinzar Nwewin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။