နာမည်ကျော်သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သူမအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုပျော်ရွှင်စရာအချိန်အကြောင်းလေးတွေကို ပရိသတ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်..။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စိုးပြည့်တို့ညီအစ်မတွေဟာ မိသားစုနဲ့အတူ နိုဗိုတယ်ဟိုတယ်မှာရှိတဲ့ The Square ရဲ့ Sunday Brunch မှာ အမျိုးအမည်စုံလွန်းတဲ့ ဘူဖေးစားရောက်စားသောက်ကြရင်း ပျော်ရွှင်စရာအချိန်လေးအကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်..။

“စိုးပြည့် အရင်ပတ်တနင်္ဂနွေမှာဘယ်ရောက်ခဲ့တယ်ထင်လဲ? အမတွေနဲ့အတူ နိုဗိုတယ်ရဲ့ The Square မှာ Brunch သွားစားဖြစ်တာလေးကို ပြောပြပေးမယ်လို့.. စိုးပြည့် မေမေရောဖေဖေရောပါတော့ မိသားစုလေးနဲ့ ဒီလိုအချိန်ကုန်ရတာ အရမ်းတန်ဖိုးရှိတယ်.. အစားကောင်းဆို ကိုယ်ချစ်တဲ့သူလေးတွေနဲ့ အတူစားရတာပိုချိုမြိန်တယ်လေ.. အဲ့တုန်းကတော့ဆံပင်လေးနဲ့ပေါ့..” ဆိုပြီး ချစ်စဖွယ်ရေးသားပြောပြထားပြီး ဓာတ်ပုံလေးတွေလည်း တင်ပေးထားပါသေးတယ်..။

အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကလည်း ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကမို့ တကယ်ကို အားကျစရာလေးပါပဲနော်..။

မင်းသမီးချောစိုးပြည့်သဇင်ကတော့ ပီပြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုအတွက် တကယ်ကတုံး တုံးပြီး သီလရှင်ဝတ်ခဲ့ပါသေးတယ်..။

လတ်တလောမှာတော့ လူထွက်လိုက်ပြီဖြစ်ပြီး လာမယ့်ဇူလိုင်လ(၂၉)ရက်နေ့ တနင်္ဂနွေနေ့လေးမှာတော့ အမှန်တကယ်သာသနာ့ဘောင်ကို ဝင်ရောက်မှာ ဖြစ်တယ်ဆိုပြီးလည်း ပြောပြထားပါသေးတယ်..။

စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်နူးစရာကောင်းတဲ့ စိုးပြည့်တို့ညီအစ်မတွေနဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - စိုးပြည့်၊ ဒါဒါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။