Frenzo အဖွဲ့သားတွေအားလုံးပေါင်းပြီးသီဆိုထားတဲ့ " ငါ့ရည်းစားကပိုမိုက်တယ် " သီချင်းကို တော့ ပရိသတ်ကြီးလည်းသိမယ်ထင်ပါတယ်။ ဒီလိုအမိုက်စားသီချင်းကို Taxi Driver တစ်ဦး က ကျကျနနသီဆိုထားတဲ့ Video လေးကတော့ လူမှုကွန်ယက်မှာ ရေပန်းစားနေတာပဲ ဖြစ်ပါ တယ်။ Taxi Driver ဦးလေးဟာ အသက်အရွယ်ရနေပေမယ့် ဒီလိုခေတ်ပေါ်သီချင်းကို အမိုက်စားသီဆိုသွားနိုင်တဲ့ Skill ကိုတော့ ပရိသတ်တွေ က သဘောကျနေကြ ပါတယ်။

စိုင်းစိုင်းဟာဆိုရင် နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိတ်သတ်အားပေး ချစ်ခင်မှုကိုလည်း နှစ်ရှည်လများထိန်းသိမ်း နိုင်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဘယ်လိုဝေဖန်ထိုးနှက်မှုမျိုးမဆို ခံနိုင်တဲ့ တကယ့်ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြည့်ဝတဲ့ ဆယ်လီတစ်ဦးလည်းဖြစ်ပါ တယ်။ အသက်သုံးဆယ်ကျော် အရွယ်အမျိုးသားတစ်ဦးဖြစ်ပေ မယ့် ခုချိန်ထိငယ်ရွယ်နုပျိုနေဆဲဖြစ်ပြီး အမြဲတမ်းကြည့်ကောင်းပြီး ဆွဲဆောင်မှု ပိုနေတဲ့ ခန့်ချောကြီးတစ်ယောက်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ဦးဆိုလည်း မမှားပါဘူး။

ဒီ Video လေးကို စိုင်းစိုင်းက " ဒီမှာငါ့ရည်းစားလေးကအသည်းထဲအေးတဲ့ ဆရာဝန်လေး ပေါ့ကွယ် အဟေးဟေးဟေး " ဆိုပြီး ပြန် Share ထားတာဖြစ်ပါတယ်။ အမိုက်စားသီဆိုသွားပုံ ကတော့ တကယ့်ကိုကြွေချင်စရာပါပဲ။ ယခင်ကလည်း Snare ရဲ့ " Bodyguard " သီချင်းကို သီဆိုခဲ့တာမို့ နာမည်ရရှိခဲ့ပြီး ဒီတစ်ခေါက်မှာလည်း စိုင်းစိုင်းသီချင်းကို အလန်းစားသီဆိုပြ သွားခဲ့တာပဲဖြစ်ပါတယ်။ အသက်အရွယ်ရနေပေမယ့် ဒီလိုလူငယ်တွေနဲ့ ရင်ဘောင်တန်းပြီး အလန်းစားနေနိုင်တဲ့ အန်ကယ့်ကို လေးစားပါတယ်လို့။

Photo - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။