Justin Bieber ဟာ အသက်(၁၄)နှစ်လောက်ကတည်းက အောင်မြင်ကျော်ကြားလာခဲ့တဲ့ ကမ္ဘာကျော် အဆိုတော်လေး ဖြစ်ပြီး အောင်မြင်ပြီးနောက်ပိုင်း ငွေကြေး၊ ပကာသန၊ ဝေဖန်မှု နဲ့ အတိုက်အခိုက်တွေကြောင့် တစ်ချိန်က အပြုအမူ၊ အနေအထိုင် ဆိုးသွမ်းတဲ့ အဆိုတော် တစ်ယောက်၊ နာမည်ပျက် စာရင်း ဝင်ဖူးသူ ဖြစ်ပါတယ်။ Justin Bieber ကို လည်ပတ်ဖို့ တရားဝင် ပိတ်ပင်ထားတဲ့ နိုင်ငံ ၊မြို့ နဲ့ အပန်းဖြေနေရာ တွေ (၁၀) ခုထက် မကသလို တချိုကသော နေရာတွေဟာ တသက်တာ လာရောက်ခွင့် ပိတ်ထားတဲ့ နေရာတွေ လည်းရှိပါတယ်။

အခုဆိုရင်တော့ အသက်(၂၄) နှစ်ရှိပြီ ဖြစ်တဲ့ Justin Bieber ဟာ သူ့ဘဝအတွက် ရင့်ကျက်ဖို့ လုံလောက်တဲ့ အချိန်တစ်ခုကို ဖြတ်သန်းခဲ့ပြီ ဖြစ်သလို အမှန်တကယ်ကိုလည်း တည်ငြိမ်ရင့်ကျက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်ယောက် ပြောင်းလဲဖိုက လုံလောက်တဲ့ ခံစားချက်တွေကို ဖန်ဆင်ပေးနိုင်တဲ့ သူက Justin Bieber ရဲ့ အချစ်ဦး ရည်းစားဟောင်း ဖြစ်သူ Selena Gomez ဖြစ်သလို နှစ်ပေါင်းများစွာ ခံစားဖို့ လုံလောက်တဲ့ အချစ်တွေနဲ့ ချစ်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Justin Bieber ဟာ လက်ရှိမှာ စူပါလ်မော်ဒယ် Hailey Baldwin နဲ့ တွဲခုတ်နေသလို တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့ လက်တွဲနိုင်ခဲ့ပြီး စေ့စပ်ပွဲလေးကိုလည်း ဖန်တီးခဲ့နိုင်ပြီးပြီ ဖြစ်ပါတယ်။ Justin Bieberဟာ တကယ့်ကို စိတ်ရင်းစေတနာကောင်းသူ တစ်ဦး ဖြစ်ပြီး တည်ငြိမ်ရင့်ကျက်သူဖြစ်နေပြီဆိုတာကို သိသာစေတဲ့ အချက်ကတော့ ဇူလှိုင်လ(၂၅) ရက်နေ့မှာ Los Angeles မြို့က သူရဲ့ အိမ်ကနေ ထွက်ရှိလာစဉ်လမ်းမဘေးက လှေကားထက်မှာ အိပ်ပျော်နေတဲ့ အိမ်ယာမဲ့ အဘိုးတစ်ယောက်ကို နိုးပြီး သူ့အိတ်ကပ်ထဲက ပါသလောက်ကို လှူခဲ့တာဖြစ်ပါတယ်။

အိမ်ယာမဲ့ အဘိုးအိုဟာ အသက်(၅၀-၆၀) ဝန်းကျင်ရှိပြီး ဘောင်းဘီတွေက ရေတွေစိုရွဲနေပါတယ်။ လမ်းဘေးက လှေကားကို ခေါင်းအုံးအဖြစ် အသုံးပြုကာ ဖြစ်သလို အိပ်နေရင်း သူကို ပိုက်ဆံလာ လှူတဲ့ Justin Bieber ကို ကမ္ဘာကျော် တစ်ယောက်မှန်း သိဟန်မတူပါဘူး။ ကော်ဖီတစ်ခွက်ကို ကိုင်ထားပြီး မျက်နာက ညိုးငယ်နေသလို ဖြစ်သလိုနေနေတဲ့ အိမ်ယာမဲ့ဘဝကို တစ်ယောက် စာနာမိခဲ့ပုံပါပဲ။ Justin Bieber ဟာ သူကိုယ်တိုင်ကလည်း အမေတစ်ခု၊ သားတစ်ခုနဲ့ ရုန်းကန်ရစဉ် အသက်(13 ) လောက်ကတည်းက ဂစ်တာ တလုံးနဲ့ သီချင်း ဆိုကာ လမ်းဘေးမှာဝင်ငွေရဖို့ သီချင်း ဆိုခဲ့ဖူးသူဖြစ်ပါတယ်။

source:http://www.justjaredjr.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။