Korea အနုပညာလောကမှာ ကောလဟာလ ဆိုတာ တကယ့်ကို ကြောက်စရာပါ ။ အားပေးမှုတွေကလဲ ပြင်းထန်တဲ့ အတွက် ကောလဟာလတွေ ထွက်လာရင် ပရိတ်သတ်တွေရဲ့

တုန့်ပြန်မှုတွေကလည်း ပြင်းထန်လေ့ရှိပါတယ် ။ ပရိတ်သတ်တွေရဲ့ ဖိအားကြောင့် Idol တွေကလည်း အတတ်နိုင်ဆုံး ကောလဟာလမထွက်အောင်နေကြလေ့ရှိပါတယ် ။

သို့ပေမယ့်လည်း လူတွေပဲမဟုတ်လား ။ လူထဲကလူတွေပဲမို့ သူတို့ဆီမှာလည်း အတွင်းရေးတွေ ရှိကြတာ အသေအချာပါပဲ ။ ဒီတစ်ခါမှာတော့ အဲလို အတွင်းရေးတွေ ပေါက်ကြားခဲ့ဖူးတဲ့ Idol တွေအကြောင်းကို ပြောပြသွားမှာပါ ။

မထင်မှတ်ထားတဲ့ အချိန်တွေမှာ မထင်မှတ်ထားတဲ့ပုံစံနဲ့ အတွင်းရေးတွေပေါက်ကြားကုန်ခဲ့တဲ့ Idol တွေကတော့ 

1. Fin.K.L. က Sung Yuri and g.o.d က Yoon Kye Sang

သူတို့ကတော့ Drama တွေတော်တော်များများမှာပါဝင်သရုပ်ဆောင်ဖူးသူတွေမို့ မြန်မာပရိတ်သတ်တွေရင်းနှီးပြီးသားပါ ။ 1999 ခုနှစ်လောက်မှာ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်လာခဲ့ပါတယ် ။

ကောလဟာလထွက်ရတဲ့အကြောင်းက သူတို့နှစ်ယောက်ရဲ့ ပုံလေးတစ်ပုံထွက်ပေါ်လာခဲ့လို့ပါ ။ ပုံထဲမှာတော့ Idol နှစ်ယောက်ကို တော်တော် နီးကပ်စွာ တွေ့မြင်ရတာမို့ ပရိတ်သတ်တွေက ဒီလိုမှတ်ချက်ချခဲ့ကြတာပါ ။ ပရိတ်သတ်တွေရဲ့ ထင်မြင်ချက်မှန်ကန်ကြောင်းကိုလည်း

နောက်ပိုင်းမှာ Idol နှစ်ယောက်က သူတို့တွဲနေကြောင်း ဝန်ခံခဲ့ပါတယ် ။ ခြောက်နှစ်လောက် လက်တွဲခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ် ။ 

1. Fin.K.L. က Sung Yuri and g.o.d က Yoon Kye Sang

2. Kahi and JYJ က Yoochun

သူတို့နှစ်ယောက်က အဆက်အသွယ်ရှိနေခဲ့တာတော့တော်တော်ကြာပါပြီ ။ Kahi 23 နှစ်အရွယ် Yoochun 17 နှစ်အရွယ်ထဲက ရင်းနှီးခဲ့ကြတာပါ ။

Kahi က Idol ဆိုတာထက် အကသမားတစ်ယောက်ပါ ။ BoA ရဲ့ သီချင်းတွေမှာလိုက်ကပေးတဲ့ အကမယ်တစ်ယောက်ဖြစ်ပါတယ် ။

သူနဲ့ ငယ်ရွယ်တဲ့ အဆိုတော် ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေထွက်ပေါ်လာစဉ်မှာတော့ ပရိတ်သတ်တွေကြားရေပန်းစားတဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး

သူတို့ရဲ့ ဆက်ဆံရေးကိုလည်းတရားဝင် ထုတ်ဖော်ပြောကြားခဲ့ရပါတယ် ။ မပြောလဲ ပုံကြည့်ရုံနဲ့ သိနေနိုင်တာပဲကိုနော် ။  

2. Kahi and JYJ က Yoochun
3. BoA and g.o.d က Danny Ahn

3. BoA and g.o.d က Danny Ahn

BoA ဆိုတာကတော့ ကိုရီးယား Solo Artist အဖြစ် နာမည်ကျော်ကြားပြီးလူကြိုက်များတာမို့ သူ့အကြောင်းတွေကို ပရိတ်သတ်တွေ အာရုံစိုက်တာခံရသူပါ ။

Hacker တစ်ယောက်ကြောင့် သူမနဲ့ g.o.d အဖွဲ့က Idol ဖြစ်တဲ့ Danny Ahn နဲ့ အတွင်းရေးပုံရိပ်တွေ ပျံနှံခဲ့ဖူးပါတယ် ။ အဲဒီ ဓါတ်ပုံတွေကို ခိုးယူခဲ့တဲ့ Hacker လည်း နောက်ပိုင်းမှာ အဖမ်းခံခဲ့ရပါတယ် ။

အပိုင်း ( ၂ ) မှာနောက်ထပ် အတွင်းရေးပုံတွေထွက်လာတဲ့ Idol တွေ အကြောင်းဆက်ပြောပြမယ်နော် ။

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။