လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းခံရတဲ့ ဆယ်လီတွေထဲမှာ အနုပညာ အသိုင်းဝိုင်းနဲ့ ထိတွေ့နေတဲ့ မိတ်ကပ်ပညာရှင်တွေလည်း ပါဝင်ပါတယ် ။ ပရိသတ် အာရုံ စိုက်ခြင်းခံရတဲ့ နာမည်ကြီးမိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ဟာ မိတ်ကပ် ပြင် ဆင်မှုနဲ့ပတ်သက်ပြီး မိန်းကလေးတွေကြား ရေပန်းစားနေသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူမှုကွန်ယက်မှာ ဟာသ ဗီဒီယိုလေးတွေ တင်ရင်း ပရိသတ်အချစ်ပိုခဲ့ ရတဲ့သူလည်း ဖြစ် ပါတယ် ။

သူမဟာ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်း မယုံကြည်နိုင်လောက်အောင် အရမ်းကိုလှပလာတာဘဲ ဖြစ်ပါတယ် ။ သူမဟာ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်း အရင်ကထက်ပိုမိုပျော်ရွှင်ပြီး ပိုပိုလှလာ တယ်လို့ သူမရဲ့ ပရိသတ်တွေကလည်းမှတ်ချက်ပေး ထားကြတာတွေ့ရပါတယ် ။ ဇူလိုင်လ 27 ရက်နေ့က KLEIO Cosmetics. ကြော်ငြာ ပုံရိပ်တွေမှာ သူမဟာ အရင်ကထက် အဆပေါင်းများစွာ နုပျိုပြီးလှပလာလို့ ပရိသတ်တွေအောင် အံ့အားသင့်ခဲ့ရပါတယ် ။ သူမဟာ ဖက်ရှင်ပိုင်းမှာလည်း အရင်ကထက်ပိုပြီး လှပစွာဝတ်စားလာတာကို ပရိသတ်ကြီးလည်းသိမှာပါနော် ။

မိတ်ကပ်လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေခဲ့တဲ့ သုသု တစ်ယောက်ကတော့ အခုဆိုရင် ကြော်ငြာတွေလက်ခံရိုက်ကူးနေပြီ ဖြစ်ပြီး အရင်ကထက် ပိုပို လှလာတဲ့ သူမ ကတော့ တကယ်ကို အံ့အားသင့်လောက်စရာပါဘဲနော် ။ ချစ်ရတဲ့ပရိသတ်ကြီးအတွက်သူမရဲ့ အရမ်းကိုပြောင်းလဲလာတဲ့ အလှတရားတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော် ။

Source : Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။