စေ့စပ်ထားပြီးဖြစ်တဲ့ ကမ္ဘာကျော်စုံတွဲ Justin Bieber နဲ့ Hailey Baldwin စုံတွဲ ဟာ လက်ရှိမှာ ပရိသတ်နဲ့ မီဒီယာတွေရဲ့ စိတ်ဝင်စားဆုံး အများဆုံးနဲ့ Hot အဖြစ်ဆုံး စုံတွဲလို့ ဆိုရမှာပါ။မနေ့ က ဇူလှိုင်လ (၂၆) ရက်နေ့မှာလည်း သူတို့ နှစ်ဦးရဲ့ DATE လုပ်ခဲ့တဲ့ ပုံရိပ်လေးတွေ ထပ် ထွက်ပေါ်လို့ လာသလို cafe ဆိုင် တစ်ခုမှာ အနမ်းတွေ ခြွေနေခဲ့တဲ့ သူတို့ နှစ်ဦးရဲ့ အချစ်ပုံရိပ်လေးတွေ ထပ်ထွက်လို့ လာပြန်ပါတယ်။

ဒီတစ်ခါမှာတော့ Hailey Baldwin ဟာ Justin Bieber ရဲ့ ရင်ခွင်ထဲမှာ ပူစီကြောင်မလေးတစ်ယောက်လို ချွဲနေခဲ့ပြီး Justin နဲ့ အကြည့်တွေ ဆုံလို့ အနမ်းတွေ ခြွေကာ ချစ်နေခဲ့ကြတဲ့ ပုံရိပ်လေးတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တကယ့်ကို ရူးရူးမူးမူးနဲ့ မခွဲနိုင်အောင် ချစ်နေကြပြီ ဖြစ်သလို သူတို့ ရှေ့ဆက် လျှောက်လှမ်းရမဲ့ လမ်းကလည်း အခက်အခဲ အတားအဆီမရှိ အဆင်ပြေနေတယ်လို့ ဆိုရမှာပါ။

New York မြို့ကြီးရဲ့ South Street Seaport အနီးတဝိုက်မှာ ရှိတဲ့ ရုပ်ရှင်ရုံတစ်ရုံမှာ Movie Date လုပ်ခဲ့ကြပြီး Brooklyn စားသောက်ဆိုင်မှာ နေ့လည်စာ အတူစား စားခဲ့ကြပါတယ်။ နေ့လည်စာ အတူစားကာ ပြန်ထွက်လာတဲ့ နှစ်ဦးသား လက်တွဲလို့ အပြုံးတွေနဲ့ လမ်းလျှောက်နေတဲ့ ပုံတစ်ချို့ထွက်ရှိလာခဲ့ပြီနောက် cafe တစ်ခု မှာ ကော်ဖီသောက်၊ မုန့်စားရင်း အနမ်းခြွေကာ အကြည့်ဆုံခဲ့ကြတာဖြစ်ပါတယ်။ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ တွေ့ဆုံမှုဟာ လွန်ခဲ့တဲ့ 2015 ခုနှစ်လောက် ကတည်းက ဖြစ်ပြီး ရည်းစားများတဲ့ Justin Bieber နဲ့ တတိယ အကြိမ် ပြန်လည် date လုပ်ချိန်မှာတော့ Hailey ဟာ ရဲ့ သတို့သမီးလောင်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

source:http://www.justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။