မြန်မာလုပ်သား(၃)ဦး အလုပ်သွားစဉ် ဆယ်ဘီးကားတိုက်ခံ

ရ ယာဉ်တိုက်သည့် နေရာမှာပဲ အသက်ဆုံးရှုံးသွားခဲ့...

3-2-2017

နခွန်ပထုန် ဆီစဖန်

ယနေ့မနက်ပိုင်း ၆ နာရီ နေထိုင်သည့်အခန်းမှ အလုပ်ရုံ

သို့ စက်ဘီးဖြင့် အလုပ်သွားစဉ် လမ်းဘေးကပ်ပြီး စက်ဘီး

နင်းနေသော်လည်း ဆယ်ဘီးကားမှ အရှိန်ဖြင့်တိုက်ချလိုက်

တဲ့ အတွက် နခွန်ပထုန်ဆီစန်ဖန် I.S.A Value Co.ltd

ငါးသေတ္တာစည်သွတ်ဘူးရုံတွင် လုပ်ကိုင်နေသောMoU ဖြင့်

လာရောက်သည့် မြန်မာလုပ်သား သုံးဦးနေရာတွင်မှာပဲ သေ

ဆုံးခဲ့ပါသည်။

သေဆုံးသွားတဲ့ မြန်မာလုပ်သားသုံးဦးကတော့ မောင်နှမနှစ်

ဦးဖြစ်သော တင်ကျော်မိုး အသက်(၂၈)နှစ် နှင့် မငြိမ်းငြိမ်းစိုး

အသက်(၂၄)နှစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်

ကိုင်းရွာ မောင်အောင်ပြည့်ဝင်း အသက်(၂၄)နှစ် ယင်းမာပင်

မြို့နယ် တာဝရွာ မှ ဖြစ်ကြပြီး မြန်မာပြည်မှ ToDayTopStar

အေဂျင်စီမှ တာဝန်ယူပို့ဆောင်ထားကြောင်းသိရပါသည်။

လက်ရှိမှာ ကားမောင်းသူကို ဖမ်းဆီးမိခြင်း မရှိသေးပဲ အမှု

မှန်ပေါ်ပေါက်ရန် AAC အဖွဲ့ မှ ကူညီဆောင်ရွက်ပေးသွား

မှာဖြစ်ပြီး လက်ရှိရုပ်အလောင်းများကို ဆေးရုံမှ မီးသဂြိုင်္လ်

မည့် ထိုင်းဘုန်းကြီးကျောင်း သို့ သယ်ဆောင်ထားပါသည်။

ပုံ- အခင်းဖြစ်သည့်နေရာနှင့် သေဆုံးသူရုပ်အလောင်းများ

Photo- AAC

AAC မဟာမိတ်အဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။