ပရိသတ်ကြီးရေ အဆိုတော်လောကမှာ ကိုယ်စီအောင်မြင်နေကြတဲ့ နီနီခင်ဇော်နဲ့ မိစန္ဒီတို့ ၂ယောက်က ညီအစ်မတွေလို ချစ်ခင်ရင်းနှီးကြသူတွေ ဖြစ်ကြပါတယ်။ သူတို့၂ယောက်မှာ နီနီက အသံပါဝါကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်ပြီး မိစန္ဒီကလည်း လူငယ်အကြိုက်သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုတတ်သူ ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ထူးချွန်ကြတဲ့ သူမတို့၂ယောက်က ဖက်ရှင်ရှိုးပွဲတစ်ခုကို အတူသွားရောက်ခဲ့ကြပါတယ်။

ဇူလိုင် ၂၉ရက်နေ့က Sule Shangri-La Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာမပုံ့ရဲ့ Prestige Wedding Showcase 2019 ပွဲကို သူမတို့က အတူတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ မပုံ့ရဲ့လက်ရာ ဝတ်စုံလေးတွေကို ဆင်တူဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတဲ့ သူမတို့ပုံလေးတွေက ညီအစ်မအရင်းတွေလို ချစ်စရာကောင်းပြီး လှနေတာ တွေ့ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့အတူတူ ပွဲတက်ခဲ့တဲ့ပုံလေးတွေကိုလည်း ကိုယ်စီ Facebook စာမျက်နှာတွေမှာ တင်ခဲ့ပါတယ်။

နီနီကလည်း " မမပုံ့တို့ Wedding Fashion Show မှာ သွားရောက်အားပေးခဲ့တယ်နော် အာပေတူးသဲလေးနဲ့ အင်္ကျီ ဆင်တူဝတ်ထားတယ် " ဆိုပြီး မိစန္ဒီနဲ့ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ကလေးဆန်ဆန် ဟန်ပန်အမူအရာလေးတွေနဲ့ အပြောင်ပို့စ်လေးတွေရိုက်ကူးခဲ့ကြတဲ့ နီနီတို့ပုံလေးတွေက ကြည်နူးစရာကောင်းနေပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း နီနီနဲ့ မိစန္ဒီတို့ရဲ့ပွဲတက်အလှပုံလေးတွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: Ni Ni Khin Zaw & Ma Pont ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။