ပရိသတ်အချစ်တော်မင်းသမီးချောလေး ရွှေပိုးအိမ်ကိုတော့ဒီတစ်ခေါက်မှာ ပရိသတ်တွေမြင်ဖူးနေကြပုံစံလေးမဟုတ်တဲ့ ထူးထူးခြားခြား ကျက်သရေရှိလှတဲ့ အလှတွေနဲ့ မြင်တွေ့ရပါတယ်။သူမကတော့သာမာန်မြန်မာဝတ်စုံလေးတွေနဲ့ပရိသတ်တွေကြွေခဲ့ရပေမယ့် မြန်မာရိုးရာ မင်္ဂလာဝတ်စုံလေးနဲ့တော့ ပရိသတ်တွေမြင်ရခဲမယ်လို့ထင်ပါတယ်။ပရိသတ်တွေအမြင်စိမ်းပေမယ့်လည်း မြင်သူတိုင်းရင်ကိုအေးချမ်းသွားစေမယ့် မဟာဆန်တဲ့ မှော်ဝင်နတ်သမီးလေးတစ်ပါးရဲ့ အလှတွေကကြောင့်ပရိသတ်တွေ ကြွေပြီးရင်းကြွေသွားရမယ့်ပုံရိပ်လေးတွေဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူးနော်။

သူမရဲ့ မင်္ဂလာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကတော့ Prestige Wedding Showcase 2019 ပွဲမှ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်တွေရဲ့ထူးခြားတဲ့ လက်ရာတွေနဲ့ အနုပညာရှင်မင်းသမီးလေးတွေက ဆင်မြန်းကာပိုမိုပြည့်စုံတဲ့အလှတွေကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ပရိသတ်အချစ်တော် မင်းသမီးချောလေးရွှေပိုးအိမ်ကလည်း မင်္ဂလာသတို့သမီးဝတ်စုံလေးတွေနဲ့ ကျက်သရေရှိလွန်းနေတဲ့ အမျိုးသမီးလေးတွေထဲကမှ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ မြန်မာမလေး တစ်ယောက်အဖြစ် မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

ဒီပွဲလေးကိုတော့ ဇူလိုင်လ (၂၈) ရက်နေ့က ရန်ကုန်၊ Sule Shangri-La Hotel မှာ ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။နာမည်ကြီး အနုပညာရှင်များစွာနဲ့ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာတွေကသူတို့ရဲ့ ပွဲတက်မင်္ဂလာဝတ်စုံလေးတွေကို ချြုပသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကျက်သရေရှိလွန်းတဲ့ ပရိသတ်အချစ်တော် ရွှေပိုးအိမ်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ပါတယ်နော်။  

သတင်းအရင်းအမြစ် - ရွှေပိုးအိမ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။