ပရိသတ်ကြီးရေ မော်ဒယ်အလှမယ် မေမြတ်နိုးကတော့ ပိန်လျလှပတဲ့ Body နဲ့ နိုင်ငံခြားမော်ဒယ်တစ်ဦးလို လှပသူလေး ဖြစ်ပါတယ်။ Miss Asia Pacific World 2014 ဆုရှင်လည်း ဖြစ်တဲ့သူမက အိပ်မက်ဆုံရာ Season-6 ရဲ့ ရေပန်းစားအောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ ရှိုးပွဲစင်မြင့်တွေမှာ နေရာယူနိုင်တဲ့ မေမြတ်နိုးက အခုလည်း သူမရဲ့ဖက်ရှင်ရှိုးပွဲက အမိုက်စားပုံလေးတွေကို facebook မှာ တင်ထားတာ တွေ့ရပါတယ်။ 

မေမြတ်နိုးက ဇူလိုင် ၂၈ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LUSH Magazine ရဲ့ ဖက်ရှင်ရှိုးပွဲမှာ မော်ဒယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီ "Luscious Party "ပွဲလေးကိုတော့ "The Tea Factory " မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အနောက်တိုင်းဆန်တဲ့ဝတ်စုံတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။ ခေတ်ဆန်ဆန်ဖက်ရှင်တွေနဲ့ အများကအမြင်ဆန်းအောင် ဝတ်ဆင်တတ်တဲ့ မေမြတ်နိုးကလည်း အနက်ရောင်ဂါဝန်လေးကို ဝတ်ဆင်ပြီး ပါဝင်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မေက ကြော်ငြာတွေ ရိုက်ကူးနေသလို ရှိုးပွဲတွေလည်း ပါဝင်လျှောက်လှမ်းနေတာ တွေ့ရပါတယ်။ အခုလည်း သူမက သူငယ်ချင်းတွေနဲ့အတူ အမှတ်တရတွေ ဖန်တီးခဲ့တဲ့ ပုံရိပ်လေးတွေကို "ALL ABOUT LUSH နောက်ဆုံးထိကြည့်ကြည့် " ဆိုပြီး ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ဖက်ရှင်မော်ဒယ်လေး မေမြတ်နိုးရဲ့ ဖက်ရှင်ရှိုးပွဲက ပုံရိပ်လေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Myat Noe ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။