Myanmar Idol ပြိုင်ပွဲတစ်လျှောက်မှာ အခု TOP 3 အတွက် ရင်ခုန်စရာတွေဖြစ်ပေါ်လို့လာနေပြီ ဆိုတာကတော့ အားလုံးအသိပါနော် ။

ပွဲဆူလာနေတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ဖြိုးမြတ်အောင်ကို ဗုတ်များများ ပေးချင်လို့ ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အကြော်ရောင်းနေတယ်လို့ သိရပါတယ်။ အကြော်သည်ဘဝနဲ့ အမြဲ စီးပွားရှာနေတာ မဟုတ်ပဲ အခုအချိန်မှ ဖြိုးမြတ်အောင်အတွက် အကြော်ရောင်း ငွေရှာတာလို့ ဆိုပါတယ်။ အကြော်ဆိုင်ရှေ့မှာ Vote အများကြီးပေးနိုင်ရန်အတွက် ငွေဖလားချပြီး အလှူခံနေတာဖြစ်ပြီး အခမဲ့စားပြီး အလှူငွေထည့်ဝင်သွားဖို့ မေတ္တာရပ်ခံတာလို့လည်း သိရပါတယ်။

"မြန်မာအိုင်ဒေါက ဖြိုးမြတ်အောင်ကို ဗုတ်အများကြီးပေးနိုင်ရန်အတွက်၊ သူက မိဘကို လုပ်ကျွေးနေတာလေ" ဆိုပြီးလည်း အကြော်ရောင်းသူက ပြောပါတယ်။မဟာမြတ်မုနိ ဘုရားကြီးတောင်ဘက်ဘေး ဦးပွားဂုံးကျော်ဘေး၊ တောင်ရွာသစ်ကလို့လည်း ဗွီဒီယိုဖိုင်ထဲမှာ ပြောထားတာကို တွေ့ရပါတယ်။ အကြော်ကို နှုန်း သတ်မှတ်ထားတာ မဟုတ်ဘဲ ကြိုက်သလောက်စား စေတနာရှိသလောက်လှူ ဆိုပြီး ပြောဆိုနေပါတယ် ။ အကြော်သည် မမ မခင်လေးနွယ် က မမမောင်လေး ဖြိုးမြတ်အောင် အတွက် Voting တွေ အများကြီးရပါစေ လို့ဆုတောင်းပေးထားတာကို လည်းတွေ့ရပါသေးတယ်။

မူရင်းတင်သူ တွေ ဘယ်သူဆိုတာ ကို တိတိကျကျမသိရပေမယ့် ဒီဗီဒီယိုလေးဟာဖြိုးမြတ်အောင် ကို အားပေးတဲ့ ပရိသတ်တွေအကြားမှာအရမ်းကို ရေပန်းစားနေတာကို တွေ့ရတာလည်းဖြစ်ပါတယ်။ ယခင်ကတော့ အခုလို Myanmar Idol သမိုင်းတစ်လျှောက်မှာ ထူးထူးခြားခြား အားပေးကြမ်းတဲ့လူတွေ မပေါ်ပေါက်ခဲ့သေးပါဘူး ။ ပရိသတ်ကြီးရေ ပြိုင်ပွဲဝင်တွေ ပိုမိုကြိုးစားနေကြသလို အားပေးသူတွေရဲ့ အရှိန်ကလည်း ပိုမို မြငိ့တက်နေတဲ့ Myanmar Idol မှာ အခုလို အားပေးကြမ်းတဲ့ မမ အတွက် စကားလက်ဆောင်လေးပါးခဲ့ပါဦးနော်။

Source - We Love Phyo Myat Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။