ချယ်​ဆီးကွင်​းလယ်​လူ ဖာဘရီဂတ်​စ်​မှ ယခုအပတ်​ အသင်​း​ဟောင်​း အာဆင်​နယ်​နှင်​့ ကစားမည်​့ ပွဲစဉ်​မတိုင်​ခင်​ သူဟာ အာဆင်​ဝင်​းဂါးနှင်​့ အာဆင်​နယ်​အသင်​းအား ထာဝရ​ကျေးဇူးတင်​​နေမည်​ဖြစ်​​ကြောင်​းနှင်​့ အာဆင်​နယ်​အသင်​းဟာ သူ့ကို အရာအားလုံး ​ပေးစပ်​ခဲ့​ကြောင်​း ဖွင်​့ဟလာပါတယ်​။

"အာဆင်​နယ်​အသင်​း ပြီး​တော့ အထူးသဖြင်​့ အာဆင်​ဝင်​းဂါးက ကျွန်​​တော်​့ကို အရာအားလုံး ​ပေးစပ်​ခဲ့ပါတယ်​။ သူတို့သာ မရှိရင်​ ကျွန်​​တော်​ ကမ္ဘာ ့ဖလားလည်​း ကိုင်​ခွင်​့ရမှာမဟုတ်​သလို ဥ​ရောပချန်​ပီယံလည်​း ဖြစ်​လာမှာ မဟုတ်​ပါဘူး။ အဲ့တာ​ကြောင်​့ ကျွန်​​တော်​ဟာ အာဆင်​နယ်​အသင်​းကို အမြဲတမ်​း ထာဝရ ​ကျေးဇူးတင်​​နေမှာပါ။ သူတို့သာမရှိရင်​ ကျွန်​​တော်​့ဘဝမှာ ပိုင်​ဆိုင်​ခွင်​့ရခဲ့တဲ့ အ​တွေ ့အကြုံ​တွေ ရရှိလာမှာ မဟုတ်​ပါဘူး''

"ကျွန်​​တော်​နဲ့ အာဆင်​နယ်​အသင်​းနဲ့ ပတ်​သက်​ပြီး လူ​တွေက ဘာ​တွေ​ပြော​နေကြလည်​း ဆိုတာ ဂရုမစိုက်​​တော့ပါဘူး။ အာဆင်​နယ်​အသင်​းဟာ ကျွန်​​တော်​့​ပေါ်မှာ ယုံကြည်​မှု အများဆုံး​ပေးနိုင်​ခဲ့တဲ့ တစ်​ခုတည်​း​သော အသင်​းပါ'' လို့ ဖာဘရီဂတ်​စ်​မှ ဆိုပါတယ်​။

Credit - #Conia(တမူး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။