လက်ရှိ နိုင်ငံတာဝန်ရှိ ဝန်ထမ်းများစွာနှင့်အတူ ပရဟိတအဖွဲ့ပေါင်းများစွာကတော့ ပြည်တွင်းရေကြီးမှုအတွက် အကောင်းဆုံး ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးနေကြောင်း သိရပါတယ်။ အဆိုပါဆောင်ရွက်မှုတွေထဲမှာ ပရိသတ်အချစ်တော် ပရဟိတမင်းသားကြီး ဝေဠူကျော်လည်း အားသွင်ခွန်စိုက်ပါဝင်လုပ်ဆောင်နေတာတွေ့ရပါတယ်။  

လက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့ ရေစီးကြမ်းနေတဲ့ အန္တာရယ်လမ်း နတ်ကြီးနှင့်ဘင်ဘန်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်ကွက်ကဲမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ . . .တပ်မတော် ပြည်သူ့ရဲ နှင့် မီးသတ်တပ်ဖွဲ့ များ၏အင်အား ကြက်ခြေနီ နှင့် ပရဟိတ အဖွဲ့များ၏လုပ်အားများနှင့် ဘီးလင်းဒေသရေကြီးမှုကို အကောင်းဆုံးဖြစ်အောင် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။  

ဒီကနေ့ ဝေဠူကျော်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်" ကျွန်တော့်တို့ WLK Foundation ( ဝေဠုကျော် ဖောင်ဒေရှင်း ) အဖွဲ့ကလည်း ပြည်နယ်ကွက်ကဲမှု၏ တာဝန်ပေးချက်အရ ရေစီးသန်ပြီး သစ်လုံးများမျောနေသဖြင့်သွားလာရခက်ခဲနေသော နတ်ကြီးရွာ ဘင်ဘန်းရွာနှင့် အနီးတဝိုက်ရွာများကို ၃၀ရက်နေ ၇လပိုင်း ၂၀၁၈တွင်ရိတ်ခါနှင့်ထောက်ပံ့ရေပစ္စည်းများ အရောက်ပို့ပေးနိုင်ခဲ့ပါတယ်" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ လက်ရှိ တပ်မတော်၊ ပြည်သူရဲ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ဝေဠူကျော်ပရဟိတအဖွဲ့ ပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။

Photos - WLK Foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။