မြန်မာအိုင်ဒေါ Season 3 ရဲ့ Top 4 ပြိုင်ပွဲဝင် ငွေဇင်လှိုင်းကို သူမရဲ့ တမူးမြို့ပရိတ်သတ်က စံချိန်တင် ပမာဏအထိ အံ့အားသင့်ဖွယ် အများအပြား ကြိုဆိုခဲ့ကြပါတယ်။ဒီနေ့ ဇူလိုင် ၃ဝ ရက် သူမရဲ့ အိမ်အပြန်မှာ ထောင်နှင့်ချီတဲ့ ပရိတ်သတ်ကြီးက မြို့လမ်းတွေပြည့် ကြိုဆိုခဲ့ကြတာဖြစ်ပြီး ဒါဟာဆိုရင် Season 1 က ဇော်မင်းဦးကို မန္တလေးပရိတ်သတ်ကြိုဆိုတာနဲ့ Season 2က သားငယ်ကို မြန်အောင်ပရိတ်သတ် ကြိုဆိုခဲ့တာတွေထက် များပြားတာကို တွေ့ရမှာပါ။

ငွေဇင်လှိုင်းဟာ ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာလည်း တမူးမြို့ပရိသတ်က ပွဲခင်းကြီးတစ်ခုလို ပရိုဂျက်တာတွေနဲ့ ကြည့်ပြီး အားပေးခြင်းခံခဲ့ရပါတယ်။သူမကိုယ်တိုင်ကလည်း ဆုရခြင်းမရခြင်းထက် ဇာတိပရိတ်သတ်ကို စည်းစည်းလုံးလုံး ဖြစ်စေခဲ့တာကို ပိုပြီး ပီတိဖြစ်ရတယ်လို့ ပြောထားတာကို တွေ့ရပါတယ်။မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင် ငွေဇင်လှိုင်းကို သူမရဲ့ ဇာတိမြို့ပရိတ်သတ်က လေယာဉ်ကွင်းအထိ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းတွေကို လည်း အမိအရမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေထားတာကိုတွေ့ရပါတယ်။

ပရိသတ်တွေက တမူး ကနေ ကလေး လေယာဉ်ကွင်းအထိ ဆိုင်ကယ်တတန် ကားတတန်နဲ့ သွားကြိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေဇင်လှိုင်းဟာ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေအထဲမှာ ဇာတိပရိတ်သတ် စည်းလုံးမှုအရှိဆုံး အားပေးခံထားရသူလည်း ဖြစ်ပါတယ။မြန်မာအိုင်ဒေါ Top 4 ကနေ ပြီးခဲ့တဲ့အပတ်က ထွက်ခဲ့ရတာဖြစ်ပြီး အဆိုကောင်းတာကြောင့် မထွက်သင့်ဘူးလို့ အတော်များများက မှတ်ချက်ပေးခံထားရသူလည်းဖြစ်ပါတယ် ။ အခုလတ်တလောမှာ တော့ IDOL တစ်ယောက် မဖြစ်ခဲ့ပေမယ့် ငွေဇင်လှိုင်း ရဲ့ အိမ်အပြန်ခရီးဟာ မျက်နှာပန်းပွင့်ခဲ့တယ် လို့ ဆိုရမှာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အိမ်အပြန်ခရီး မျက်နှာပန်းလှခဲ့တဲ့ ငွေဇင်လှိုင်းအတွက် စကားလက်ဆောင်လေးပြောပေးခဲ့ကြပါဦးနော် ။

Source - We Love Ngwe Zin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။