ဒီလထဲမှာကိုယ့်ရဲ့အချစ်ရေးကဘယ်လိုရှိမလဲဆိုတာ ဆရာစံဇာဏီဘိုဟောထားတဲ့ အချစ်ရေးဗေဒင်

မိဿရာသီ -ARIES(မတ် ၂၁ မှ ဧပြီ ၂၀)

စစ်မှန်သောမေတ္တာနှင့် ရေရှည်ခိုင်မာသော အချစ်ရေးကိစ္စများကိုကြုံတွေ့ရမည်။ နီးစပ်မှုကိုအခြေတည်သော မေတ္တာရေးကံကောင်းခြင်းများကြုံမည်။ စိတ်ချမ်းမြေ့ဖွယ်ရာများ အခိုင်အမာဖြစ်ပေါ်မည်။ တစ်သက်တာအချစ်ကံကောင်းခြင်းမရှိနိုင်ဟူ၍ စိတ်အားငယ်စွာအထီးကျန်နေသူများအတွက် မေတ္တာကံအခြေအနေထူးခြားချက်များ ကြုံမည်။ အများတကာ နှုတ် ဆိတ် အာမေဋိတ်ဖြစ်လောက်အောင် ဖူးစာရေးနတ်မင်းမှဆောင်ယူလာသူအား လက်တွဲ၍ ခေါင်းမော့လက်မထောင်နိုင်သော အနေအထားရှိမည်။ ချစ်သူမြောက်များစွာရှိသူများအဖို့၊ ဒုတိယချစ်သူသည် အချစ်ရဆုံးသူဖြစ်သည်။

ယတြာ-ဆံပင်ပုံစံပြောင်းခြင်း၊ လက်ပက်နာရီကိုလည်း ဘက်ပြောင်း၍ပတ်ခြင်းပြုပါ။ ထူးခြားစွာအချစ်ကံကောင်းမည်။

ပြိဿရာသီ- TAURUS(ဧပြီ ၂၁ မှ မေ ၂၁ )

စိတ်ကူးယဉ်ဖွယ်အချစ်ရေး၊ မေတ္တာရေးရာစိတ်ကစားမှုနယ်ပယ်မှ လွန်မြောက်၍ ဘဝနှင့်ယှဉ်သောကိစ္စများကို စနစ်တကျ သုံးသပ်ဆုံးဖြတ်နိုင်ပေမည်။ ဘဝလိုလားချက်ကွက်လပ်မှန်သမျှကို အစားထိုးဖြည့်စွမ်းနိုင်သော မေတ္တာရေးရာချမ်းမြေ့စရာများနှင့်တကွ စစ်မှန်သောမေတ္တာကို ရင်တွင်းထားရှိလျက် တည်ငြိမ်သောဘဝကို တည်ဆောက်ပေးနိုင်စွမ်းရှိသည့် ဘဝအဖော်မွန်ကို တွေ့ရှိနိုင်သည်။ မိမိထက်ငယ်သောသူဖြစ်လင့်ကစား ရင့်ကျက်သောအတွေးအခေါ် တည်ငြိမ်သော နှလုံးသားပိုင်ရှင်နှင့်လက်တွဲရမည်။ ပညာသင်တန်းတက်ရောက်နေသူများနှင့် အလုပ်ခွင် ဝင်နေသူများ၊ အခြားသူများထက်ပိုမိုစန်းပွင့်မည်။ နီးစပ်မှုကိုအခြေတည်၍အမည်တွင် (အ၊ ဥ၊ ရ၊ လ၊ ဝ)ပါသူနှင့်မေတ္တာမျှမည်။

ယတြာ-ပိန်းပန်းပွင့်အနီတစ်ပွင့်၊ သစ္စာပန်းအဖြူတစ်ခက်နှင့် ကျောက်ခက် တစ်ရွက်ကို ေြွကပန်းအိုးတစ်အိုးတွင်ထိုး၍ အနီးအပါးထားရှိပါ။

မေထုန်ရာသီ - GEMINI(မေ ၂၂ မှ ဇွန် ၂၁)

နားလည်မှုလွဲမှားနေခြင်းအပေါ် ဖြေရှင်းလေ ရှုပ်ထွေးလေဖြစ်မည်။ စွပ်စွဲခံရခြင်းကြောင့် စိတ်သောကဖြစ်ခြင်းကြုံမည်။ ကိုယ်ကနှစ်နှစ်ကာကာ မေတ္တာထားသလောက် တူညီသော မေတ္တာကို ရရန်ခဲယဉ်းသည်။ နားလည်ရန်ခက်ခဲသောချစ်သူ၏ စိတ်သဘာဝအပေါ် သည်းခံခွင့်လွှတ်ခြင်းမှ တစ်ပါး၊ အခြားတုံ့ပြန်နိုင်စွမ်းမရှိ။ ချစ်သူနှင့်ပြဿနာဖြစ်နေသူများအဖို့ပိုမိုစိတ်ရှုပ်ဖွယ်ရာ အခြေအနေရောက်အောင်၊ အတိတ်ဘဝမှသူတို့၏စကားအရှုပ်အထွေးများ၊ အတင်းအဖျင်းနှင့် လုပ်ဇာတ်ထွင်မှုများကြောင့် အချစ်၊ အပူမီးပိုမိုတောက်လောင်ရန်သာရှိသည်။ မိမိအပေါ်လွန်စွာ မြတ်နိုးသူတစ်ဦးအား၊ ခုတုံးပြု၍ ချစ်သူအပေါ် အရွဲ့ တိုက်ခြင်းများပြုတက်သည်။

ယတြာ-အသည်းနှလုံးပုံပါသော ပို့စ်ကဒ်တစ်ခုနှင့် မိမိအမည် အက္ခရာနှင့် အစတူသော မင်္ဂလာဆောင်ဖိတ်စာတွဲ ဖဲကြိုးအနီနှင့်ချည်၍ဆောင်ပါ။

ကရကဋ္ဋ်ရာသီ -CANCER(ဇွန် ၂၂ မှ ဇူလိုင် ၂၂ )

အညံ့အဆိုးမှန်သမျှ ကင်းလွတ်ဝေး၍ စိတ်ချမ်းမြေ့စရာများ ဆက်တိုက်ဖြစ်ထွန်းလာမည်။ မြောက်များစွာသော ဝန်းရံနေသူများအနက်မှ စစ်မှန်သောဘဝအဖော်မွန်ကို ရွေးချယ်သတ်မှတ်နိုင်မည်။ အမှန်တစ်ကယ်နှစ်နှစ်ကာကာ မြတ်နိုးသောသူများနှင့် ပျော်ရွှင်ဖွယ် မေတ္တာရေးအနာဂတ်ကိုကျရောက်မည်။ မိမိပတ်ဝန်းကျင်၌လည်း အလှူမင်္ဂလာများ၊ စိတ်ချမ်းမြေ့ဖွယ်သတင်းစကားများနှင့် ပြည့်လျှမ်းနေသည်။ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများသို့သွားရောက်ရင်း ပေါ်လွင်သော ညှို့ဓါတ်နှင့် ဆွဲဆောင်မှုစွမ်းအား မြင့်မားနေမည်။ ပျိုရွယ်သူများအဖို့၊ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများကြုံတွေ့မည်။

ယတြာ-ထင်းရှုးသီးတစ်လုံးကို ငွေရောင်၊ တစ်လုံးကိုရွှေရောင်သုတ်၍ရွှေရောင်ကြိုးနှင့်တွဲချည်၍ အမြင့်တွင်ချိတ်ဆွဲပါ။

သိဟ်ရာသီ- LEO(ဇူလိုင် ၂၃ မှ ဩဂုတ် ၂၃)

ပါးချိုင့်တစ်ဖက်ပါ၍ညာဖက်အပေါ်သွားတွင် သွားစွယ်ရှိကာ အထက်နှုတ်ခမ်း၌မှဲ့ပါသောသူ၏ အချစ်စကားကိုယုံစားမိ၍ စိတ်သောကရောက်ရတက်သည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ ချစ်သူတွင်လည်းကောင်း၊ အရပ်ဝေးခရီးလမ်းကြောင်းများ ပေါ်ထွန်းနေသည်။ ခရီးသွားရန်ခွဲခွာမှုပြုသော ကာလအတွင်း အဖက်ဖက် မှ စိတ်အပြောင်းအလဲဖြစ်ကာ အခြားသူနှင့်မေတ္တာမျှတက်သည်။ ဘာသာမတူသူနှင့်မေတ္တာမျှနေသူများ၊ နှစ်ဦးသားဖြစ်ပေါ်နေသောအခက်အခဲများကို ကျော်လွှားနိုင်မည်။ ချစ်သူမရှိသေးသူများအဖို့၊ အရပ်တစ်ပါးမှ အရပ်တစ်ပါးမှ ခေတ္တယာယီရောက်လာသောသူနှင့် သံယောဇဉ်နှောင်ဖွဲ့ မိမည်။ အမည်တွင် (အ၊ ဥ၊ က၊ ခ၊ င)ပါသောသူနှင့်မေတ္တာမျှနေသူများအဖို့ မကြာခဏစိတ်အနှောင့်အယှက်ဖြစ်မည်။

ယတြာ-မိမိဓါတ်ပုံကို သံလိုက်တုံးတစ်တုံးနှင့်တွဲ၍ လက်ကိုင်ပုဝါအဖြူနှင့်ထုပ်ကာ ဗီဒို၊ သေတ္တာအတွင်းထားရှိပါ။

ကန်ရာသီ- VIRGO(ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၂ )

အညံ့အဆိုးမှန်သမျှကင်းစင်၍ ပျော်ရွှင်ဖွယ်နေ့ရက်များကိုကြုံတွေ့ရမည်။ အေးချမ်းသောမေတ္တာရေး၊ အနာဂါတ်နှင့် စိတ်ချမ်းမြေ့ဖွယ်ရာများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စုတ်ရော၊ လာဘ်ရော တစ်ပြိုက်နက်တည်းဝင်မည့်ကိန်းဆိုက်ပေရာ၊ အလုပ်အနေအထားနှင့် မေတ္တာရေးတွင် ရှေ့တိုးအဆင်ပြေခြင်းများရှိမည်။ ဘဝသစ်တစ်ခုသို့ကူးပြောင်းရောက်ရှိကာ၊ ဝန်းကျင်သစ်မှ မေတ္တာမျှသူတစ်ဦးကို ကြုံတွေ့မည်။ ငြင်းပယ်ခြင်းငှာ မစွမ်းသာလောက်သော ကမ်းလှမ်းမှုကိုကြုံမည်။ ချစ်သူရှိသူများအဖို့ ပိုမိုစန်းပွင့်ကာ အချစ်သစ်နှင့်အချစ်ဟောင်းကြား တွေဝေ ဒွိဟဖြစ်စရာများကြုံမည်။ အထီးကျန် အရွယ်ရင့်များအဖို့၊ မမျှော်လင့်ဘဲ အမည်တွင်(အ၊ ဥ၊ သ၊ ဟ)ပါသူများနှင့် မေတ္တာနှောင်ဖွဲ့မှုကို ဝမ်းပန်းတစ်သာကြုံရပေအံ့။

ယတြာ-မိမိသယ်ဆောင်သောအိတ်၊ သို့မဟုတ် တယ်လီဖုန်းတွင် ငွေရောင်ခေါင်းလောင်း သို့မဟုတ် ချူတစ်ခုချိတ်ဆွဲထားပါ။

တူရာသီ- LIBRA(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ )

မထင်မှတ်ထားသော ဖြစ်ရပ်များ၊ မမျှော်လင့်ထားသောအကြောင်းအရာများ၊ မရည်ရွယ်ဘဲ လုပ်ကိုင်မှုများ၊ မသေချာ၊ မရေရာမှုများ၊ မတည်မငြိမ်နှင့် စိတ်စော၊ စိတ်မောစရာများ လွှမ်းမိုးနေသည်။ မိမိကိုယ်ကိုမိမိယုံကြည်မှုနည်းပါးနေမည်။ မှန်သည်ဟူ၍ ဆုံးဖြတ်ပြီး လုပ်ကိုင်သောကိစ္စမှ အမှားဖြစ်မည်။ စေတနာနှင့်ပြောသောစကားအပေါ် အထင်လွဲခံရမည်။ အကောင်းလုပ်၍အကောင်းမြင်မခံရ။ အတူနေအုပ်စုနှင့် စိတ်ဝမ်းကွဲခြင်းများ၊ မိတ်ဆွေသင်္ဂဟများနှင့် စိတ်အနှောင့်အယှက်ဖြစ်စရာများ ရှိနေမည်။ ချစ်သူရှိသူများအဖို့ကား၊ နေ့စဉ်နှင့်အမျှ၊ မျက်ရည်ယိုစီးစရာများ၊ တစ်မျိုးပြီးတစ်မျိုးအကြောင်းပေါ်ပေါက်တက်သည်။ ဆုံးဖြတ်ချက်တစ်ချက်မှားသည်နှင့် ပြုပြင်၍မရသောအခြေအနေသို့ဦးတည်သွားတက်သည်။

ယတြာ-မြေအိုးအတွင်း အသီးငယ်များသီးသည့် လိမ္မော်ပင်ကိုစိုက်၍မိမိနေထိုင်ရာအနီးအပါးတွင် ထားရှိပါ။

ဗြိစ္ဆာရာသီ- SCORPION(အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ )

မဝံ့မရဲဖြစ်နေသည့်ကြားမှ အခြေအနေအရ ဆုံးဖြတ်ချက်ချခြင်းတို့၌ကောင်းသောအကျိုးဆက်များဖြစ်ပေါ်လာမည်။ အပြန်အလှန် နားလည်မှုအပြည့်အဝရှိသူများနှင့်မေတ္တာရေးရာ ကိစ္စများကြုံမည်။ ပေါ်ပေါက်လာသောအခြေအနေအပေါ် အလိုက်သင့်အပြောင်းအလဲပြုရုံမျှဖြင့် ဘဝအေးချမ်းမှုကိုရရှိပေမည်။ ဘဝအတွက်ကောင်းစွာအကျိုးပြုသည့် ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကိုပိုင်ဆိုင်ခံစားရမည်။ အလိုအလျောက်ပေါ်ပေါက်လာသော မေတ္တာ၏ စေ့ဆော်မှုအပေါ် အလေးထားသင့်သည်။ အမှန်တစ်ကယ်စစ်မှန်သည့် ဘဝအဖော်မွန်အဖြစ် လက်တွဲခြင်းငှာ မသင့်သောသူများနှင့် မေတ္တာမျှမည်။

ယတြာ-ဥဒေါင်းတောင်တစ်ခုကို အနေတော်ဖြတ်၍ စားပွဲတင်ဓါတ်ပုံဘောင်အတွင်းထည့်ကာ၊ မိမိအနီးအပါးတွင်ထားရှိပါ။

ဓနုရာသီ- SAGITTARIUS(နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ )

တစ်ပြိုင်နက်တည်းပေါ်ပေါက်လာသောအခွင့်အရေးနှစ်မျိုးအပေါ် ဆုံးဖြတ်ရန်ခက်ခဲမည်။ အတိတ်ကာလက မိမိအပေါ် စိတ်ဆင်းရဲ မျက်ရည်ကျအောင်ပြုခဲ့သူမှ ပြန်လည်ရိုကျိုးတောင်းပန်၍ အချစ်ဘဝသို့ပြန်လည်နားခိုခွင့် တောင်းခံခြင်းအား လက်ခံရန်မသင့် အနာဂါတ်သစ်၊ ဘဝအခြေအနေသစ်သို့ ဦးတည်သင့်သည်။ မိဘ၊ မိသားစုအပါအဝင်၊ အခြားသောသူတှို့နှင့် ပဋိပက္ခဖြစ်၊ စိတ်သဘောမတိုက်ဆိုင်သော အချစ်ရေးကိစ္စများကြုံရပေမည်။ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ရှေ့တိုးအောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ တစ်ပါးသူစကားနားမယောင်ပါနှင့်။ အချိန်ယူဆုံးဖြတ်ထားသည့်အပေါ် ပြန်လည်ပြင်ဆင်ခြင်းငှာမသင့်။

ယတြာ-အဖြူရောင်စာရွက်ပေါ်တွင် အနီရောင်ဖြင့် ူသလန ဟုစာကိုရေး၍ ဓါတ်ဗူးတွင်ကပ်ထားပါ။ ၄င်းဓါတ်ဗူးတွင် ကော်ဖီထည့်၍ မကြာခဏသောက်သုံးပါ။

မကာရရာသီ- CAPROCORN(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀ )

၅၂၈-၁၅ဝဝ မေတ္တာအလုံးစုံ အဆင်ပြေအေးချမ်းသောကာလဖြစ်သည်။ ကြုံတွေ့နေသော အညံ့အဆိုးမှန်သမျှ ကင်းဝေးမည်။ လွန်စွာစန်းပွင့်မည်။ ဆုံးဖြတ်ချက်များမှန်ကန်မည်။ မကောင်းသော ဘေးဥပါဒ်အလုံးစုံမှ ကင်းစင်မည်။ ကိုယ့်အချစ်ထက်ပိုမိုအကဲသာရန် ချစ်တက်သောသူကို မေတ္တာမျှရမည်။ အရွယ်ရောက်သူများအဖို့ အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ရန် အခါသင့်ပေသည်။ ပျိုရွယ်သူများအဖို့ ဝေးကွာနေသောချစ်သူနှင့် ပြန်လည်ဆုံစည်းမည်။ မိသားစုမှ လက်ခံနိုင်စွမ်း ရှိသောသူများကို ရွေးချယ်နိုင်ပေမည်။

ယတြာ-အသည်းနှလုံးပါသော ဖန်စီနားကပ်နှစ်ခုအား ဖဲကြိုးအပြာပေါ်တွင် တစ်ဖက်ကပ်၍အနီရောင်ဖဲကြိုးပေါ်တွင် ကျန်တစ်ခုအား ကပ်ထားပြီး အဝတ်အစားထားသောနေရာတွင် ထားရှိပါ။

ကုမ်ရာသီ- AQUARIUS(ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈ )

ဦးတည်ချက်သစ်နှင့် ဘဝအပြောင်းအလဲများကို ဖန်တီးကာ ပျော်ရွှင်ချမ်းမြေ့ဖွယ် မေတ္တာရေးရာကိစ္စများကြုံတွေ့ရမည်။ နားလည်မှုအပြည့်ရှိသူများနှင့်ဆုံစည်းမည်။ အတိတ် ကာလဝန်းကျင်တစ်ခုလုံးအား ကျောခိုင်း၍ မေတ္တာလမ်းကြောင်းသစ်နှင့် စိတ်ချမ်းမြေ့ဖွယ်ရာများကိုကြုံရပေမည်။ တစ်ကြိမ်တစ်ခါမှ ခံစားဖူးခြင်းမရှိသော နှလုံးသားလှုပ်ခါမှုနှင့် မေတ္တာရေးရာ စိတ်ချမ်းမြေ့ဖွယ်ရာများကို ရင်ခုန်မှုအသစ်များနှင့် ကြုံဆုံရပေမည်။ အေးချမ်းစစ်မှန်သော မေတ္တာရှင်၏နှလုံးသားနယ်ပယ်ဝန်းကျင်တွင် အေးချမ်းစွာ ခံစားရန် ရည်ရွယ်၍အေးချမ်းမှုကို ရောက်ရှိမည်။

ယတြာ-ငှက်နှစ်ကောင်ကို ကိုင်းတစ်ခုပေါ်နားနေသည့် ပန်းချီကား ပို့စ်ကဒ်တို့ကို မိမိဝန်းကျင်တောင်ဘက်အမြင့်တွင် ချိတ်ဆွဲပါ။

မိန်ရာသီ- PISCES(ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

ပူးပေါင်းဆောင်ရွက်ရန်ဖြစ်နိုင်စွမ်းမရှိဟု အများတကာသတ်မှတ်ထားသူနှင့် မေတ္တာရေးကိစ္စများပေါ်ပေါက်မည်။ ဘဝအသွင်မတူသူကိုမှ ရွေးချယ်ချစ်ကျွမ်းဝင်သည့် နှလုံးသား၏ စေစားမှုကို ဦးနှောက်က လက်မြှောက်အရှုံးပေးကာ အနာဂတ်ပဟေဠိကို အားလုံးကမျှော်တလင့်လင့်ဖြစ်ရလောက်အောင် အချစ်ရေးကိစ္စပေါ်ပေါက်မည်။ တွေ့လိုက်လျှင်အပြန်အလှန်ပဋ္ဋိပက္ခ ဖြစ်ခြင်း၊ ရန်စကားများပြောကြခြင်း၊ စိတ်ကောက်ငြိုငြင်ကာစွဲစွဲမြဲမြဲချစ်သောအချစ်မျိုး ပေါ်ထွန်းနေသည်။ ပြန်လည်အစပျိုးရန်မဖြစ်နိုင်တော့ ဟူ၍သတ်မှတ်ထားသည့်အတိတ်ချစ်သူဟောင်းနှင့်လည်း ပြန်လည်ဆုံစည်းခြင်းရှိမည်။

ယတြာ-ကမာခွံတစ်ခုအတွင်း သဲခင်း၍၄င်းသံပေါ်တွင် ပုလဲတစ်လုံးထားပါ။ ဘေးပတ်လည်တွင် ခရုခွံများထားပါ။ အချစ်ရေးကိစ္စပြောဆိုသောအခါ၊ ၄င်းပုလဲအားဆောင်ရန်ပြောပါ။            

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။