နုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ဖြစ်တဲ့ မိုရီဆာကီဝင်း ခေါ် အဝင်း လေးကတော့ ၁၉၉၀ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီးအသက်(၂၈) နှစ်ရှိပြီ ဖြစ်ပါတယ်။ မြန်မာလူမျိုးဖြစ်ပြီး ဂျပန်မှာ နေထိုင်ကာ ဂျပန် PrizmaX တေးဂီတအဖွဲ့၏ အဖွဲ့ဝင်အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ Stardust Promotion တေးသံသွင်းနဲ့ အလယ်တန်းဒုတိယနှစ်တွင် လူတွေ့ ရွေးချယ်‌ခြင်း ခံရပြီး စာချုပ်ချူပ်ဆိုခဲ့ပါတယ်။

၂၀၁၆ ဇွန်လ၌ စတီဗင် စပီးဘာ့ဂ် ကြီးကြပ် ရိုက်ကူးမည့် ရုပ်ရှင်ကားသစ် "ရယ်ဒီ ပလေယာ ဝမ်း" တွင် အဓိက မင်းသားအဖြစ် ရွေးချယ်ခြင်း ခံရပြီးဟောလိဝုဒ်တွင် ဦးစွာ သရုပ်ဆောင် အဖြစ်ရပ်တည်ခွင့်ရခဲ့ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ မင်းသား၊ အဆိုတော် တစ်ဦးအနေနဲ့ မကြာခဏပြန်လာပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လေ့ရှိသလို 2017ခုနှစ်က ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဇာတိမြေ ရုပ်ရှင် ဇာတ်ကားကြီးတွင် အဓိက ဇာတ်ဆောင် မင်းသားတစ်ဦး အနေနဲ့ ပါဝင်ခဲ့ပါတယ်။၂၀၁၇ခုနှစ် အောက်တိုဘာလတွင်လည်း မြန်မာ ရေဒီယို Shwe FM မှ ချီးမြှင့်ပေးအပ်သော "မြန်မာပရိတ်သတ်ချစ်ခင်မှုအများဆုံးရရှိသော ကမ္ဘာကျော်အနုပညာရှင်ဆု" ကိုလက်ခံရရှိခဲ့ပါသေးတယ်။

ဂျပန်- မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကား အနေနဲ့ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းမှာ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်၊မင်းသား အောင်ရဲလင်း သရုပ်ဆောင်၊ ဂျပန်မလေး နဲ့ အတူ အဝင်းက ပါဝင်လို့သရုပ်ဆောင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အလှဆုံးအထင်ကရနေရာ တချို့နဲ့ မြန်မာနိုင်ငံရဲ့ ဘုရား၊ ကျောင်းကန်နဲ့ အလှဆုံး နေရာဒေသတွေမှာ အဓိကထား ငွေကုန်ကြေးကျရိုက်ကူးထားလို့ တကယ့်ကို ကြည့်ရှူရတာ တန်မဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတိမြေ” My Country My Home ရုပ်ရှင်ဇာတ်ကားကြီးသည် အဓိကအားဖြင့် မိမိနိုင်ငံအပေါ် လွမ်းဆွတ်တမ်းတ ချစ်မြတ်နိုးပြီး တန်ဖိုးထားစေချင်သော ဇာတ်ကားကြီးဖြစ်သလို နှစ်နိုင်ငံပူးပေါင်း၍ လူအင်အား စိတ်အင်အားပေါင်းစပ်ကာ၊ ပင်ပန်းကြီးစွာ၊ မိမိနိုင်ငံကို ချစ်မြတ်နိုးသော စိတ်ရင်းဖြင့် ရင်းနှီးမြှပ်နှံမှုများစွာဖြင့် ချစ်ခင်လေးစားမှု့များကို ရှေ့တန်းတင်၍ ကြိုးစားရိုက်ကူးတင်ဆက်ထားရသော ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို ဇူလှိုင်လ(၂၇) ရက် မှာ ရုပ်တင်ပြသခဲ့ပြီး ဒီဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ အဝင်းလေးက ပရိသတ်တွေကိ ုအားအား၊ မအားအား လာကြည့်လှည့်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

source:My Country My Home - ဇာတိမြေ ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။