အသံချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားနိုင်တဲ့ အဆိုတော်မလေး အိုင်ရင်း ဇင်မာမြင့်တစ်ယောက် July လရဲ့ ပထမဆုံးရက်မှာ ထီကံထူးခဲ့တာပဲဖြစ်ပါတယ်။ ဘယ် လောက်ဆုပေါက်တယ်ဆိုတာတော့ သူမက ထုတ်ဖော်မပြောသေးပါဘူး။ ထီပေါက်တယ် ဆိုတဲ့ အကြောင်းလေးကိုပဲ စာလေးရေးတင်ခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအနည်းအများဆိုတာ ထက် ကံကောင်းလို့ရတဲ့ ဆုလာဘ်လေးမို့ ဝမ်းသာမိပါတယ် အိုင်ရင်းရေ။

လက်ရှိအချိန်မှာတော့ ဘဝကိုတစ်ယောက်တည်း အေးအေးလူလူဖြတ်သန်းနေပြီး သံစဉ် ချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေနေတာလည်း ဖြစ်ပါတယ်။ သီချင်းခွေတွေလည်း ထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်။ သူမရဲ့လက်ရှိဘ၀ လေးဟာ အတော်လေးကိုအဆင်ပြေ ချောမွေ့နေပုံရပြီး စိတ်ချမ်းသာမှု တွေပြည့်နေတဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုကြည်နူးစရာပါပဲ။

သူမရဲ့ကံကောင်းမှုလေးကို " Yayyy ထီပေါက်တယ် August " ဆိုပြီး တင်ထားတာဖြစ်ပါ တယ်။ August ရဲ့ ပထမဆုံးရက်မှာတင် မင်္ဂလာရှိစွာနဲ့ ထီပေါက်ခဲ့တဲ့ အိုင်ရင်းရဲ့ ကံကောင်းမှုကတော့ အားကျစရာကြီးနော်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး အိုင်ရင်း ရဲ့ ကံကောင်းတဲ့ August အတွက် Congratulation ပါလို့။

Photo - Irene Zin Mar Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။