ပရိသတ်အချစ်တော် သရုပ်ဆောင် ဦးပေါလေးကတော့ အငြိမ့်သဘင်တွေခေတ်တုန်းက နိုင်ငံကျော်ဟာသလူရွှင်တော်ကြီးတစ်ဦးအဖြစ်ပရိသတ်တွေအားပေးချစ်ခင်ခဲ့ကြသလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေခေတ်စားလာပြန်တော့လည်း ဟာသသရုပ်ဆောင်တစ်ဦးအဖြစ်ပရိသတ်တွေလက်ခံအားပေးမှုရရှိနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ဦးပေါလေးကိုတော့ ဇာတ်ကားတော်တော်များများမှာ ကျောင်းထိုင်ဆရာတော်ဇာတ်ရုပ်တွေနဲ့ မြင်တွေ့ရလေ့ရှိတာကို ပရိသတ်တွေသတိထားမိကြမယ်ထင်ပါတယ်။ဦးပေါလေးကတော့ ဘုန်းကြီးဇာတ်ရုပ်နဲ့အရမ်းသရုပ်ဆောင်ပီပြင်လှပြီးလေယူလေသိမ်း၊မျက်နှာအနေအထားအလုံးစုံဟာ တကယ့်ဘုန်းတော်ကြီးအစစ်တစ်ပါးအလား ထင်မှတ်ရလောက်အောင်ပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ရုပ်ရှင်ထဲမှာသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်မဟုတ်ပဲ တကယ့်လက်တွေ့ဘဝမှာပါ သာသနာဘောင်ထဲဝင်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ဦးပေါလေးကတော့ပြီးခဲ့တဲ့ဇူလိုင်လ (၂၁)ရက်နေ့က သာသနာ့ဘောင်ထဲဝင်ရောက်သွားခဲ့တာဖြစ်ပြီး ဒုလ္လဘရဟန်းအဖြစ် သီတင်းသုံးနေထိုင်လျက်ရှိတာပဲ ဖြစ်ပါတယ်။ဖခင်ဖြစ်သူ ဦးပေါလေးကို သားသမီးတွေက စုပေါင်းရဟန်းပြုအလှူပေးခဲ့ကြ တာဖြစ်ပြီးတကယ့်ကိုကြည်နူးစရာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေကတော့ ဦးပေါလေးကို ဘုရားသားတော်သံဃာတော်အဖြစ်နဲ့မြင်တွေ့နေကြဖြစ်ပြီး အမြင်မစိမ်းပေမယ့်လည်း လက်ရှိမှာရုပ်ရှင်ရိုက်ကူးရေးအတွက်မဟုတ်ပဲ တကယ်သာသနာဘောင်အတွင်းက သံဃာတော်အဖြစ်မြင်တွေ့ရတာပိုပြီးကြည်ညိုစရာကောင်းလှပါတယ်။သာသနာ့ဘောင်အတွင်းမှာ သီတတင်းသုံးနေထိုင်းနေတဲ့ ဆရာတော်ဦးပေါလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ချစ်စု   

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။