ပြည်တွင်း လူသန်းပေါင်းခြောက်ဆယ်ကျော်ရဲ့ လေးစားမှုနှင့်အတူ ပြည်ပနိုင်ငံများစွာရဲ့ အထင်ကြီးလေးစားမှုတွေကို ခံယူထားတဲ့ One Championship(MMA) ဖိုက်တာ အောင်လအန်ဆန်းကတော့ ပရိသတ်တွေကို အချစ်တိုးစေခဲ့ပြန်ပါပြီ။ လက်ရှိ ပြည်တွင်းကို ပြန်လည်ရောက်ရှိနေပြီး မြန်မာ့ပြည်သူတွေနဲ့အတူ နေ့ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိတာတွေ့ရပါတယ်။  

လက်ရှိ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ဖြစ်တဲ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး ပရိသတ်တွေနဲ့ တရင်းတနှီးနေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် ပြည်တွင်းရှိ အထင်ကရဗုဒ္ဓဘာသာနေရာများစွာကိုလည်း တန်ဖိုးထားချစ်မြတ်နိုးတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လကတော့ မန္တလေးဦးပန်တံတားကိုရောက်ရှိခဲ့ပြီး ဗုဒ္ဓဘာသာဝင်သီလရှင်လေးနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်လေးနှင့်အတူ အောင်လကတော့

"ကျွန်တော်အခု မန္တလေးက ဦးပိန်တံတားမှာရောက်နေတယ်။

၁၈၅၀ ဝန်းကျင်လောက်မှာဆောက်ခဲ့ပြီးတော့ ရှေးအကျဆုံးနဲ့

ကျွန်းတိုင်တွေနဲ့ဆောက်ထားတဲ့ တံတားကြီးပေါ့။

မြန်မာနိုင်ငံဆိုတာအံ့အားသင့်စရာနဲ့မတူကွဲပြားတဲ့လူသားတွေအတူနေကြတယ်။

ကျွန်တော့ဘေးမှာရပ်နေတဲ့ဆရာလေးကိုကြည့်ပါဦး

ဘယ်လောက်ချစ်စရာကောင်းလိုက်လဲသလဲဆိုတာ။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ မာန်မာနမရှိတဲ့ အောင်လတစ်ယောက်ရဲ့ ဗုဒ္ဓဘာသာအပေါ်လေးစားမှုတွေကတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။