Tran-gender အမျိုးသမီးဖြစ်တဲ့ television personality စတားတစ်ဦးဖြစ်တဲ့ Caitlyn Jenner ဆိုတဲ့ သူမဟာ တစ်ချိန်က William Bruce Jenner ခေါ်တဲ့ ယောကျ်ားတစ်ယောက်ဘဝကနေ မွေးဖွားလာသူဖြစ်ပြီး အမေရိကန်ဘောလုံး ချန်ပီယံ အားကစား သမားဟောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ တစ်သက်တာမှာChrystie Crownover, Linda Thompson နဲ့Kris Jenner မိန်းမ သုံးယောက်နဲ့ လက်ထပ်ခဲ့ပြီး သားသမီး (၆) ယောက်ရှိခဲ့ပါတယ်။ Kendall နဲ့ Kylie Jennerကတော့ သူ့ရဲ့ သမီးရင်းတွေ ဖြစ်ပြီး တတိယမိန်းမရဲ့ မယားပါ သားသမီးတွေဖြစ်တဲ့ Kourtney, Kim, Khloé, နဲ့ Rob Kardashian ကတော့ သူရဲ့ step-children တွေဖြစ်ပါတယ်။

2015ခုနှစ်၊ အေပရယ်လောက်မှာ trans woman တစ်ယောက်အဖြစ် စတင်ပြောင်းလဲ နေထိုင်ခဲ့ပြီး၊ 2015ခုနှစ် September 25 မှာ သူမ ကိုယ်တိုင် Bruce Jenner ဆိုတဲ့ ယောကျ်ားတစ်ယောက် ဘဝကနေ Caitlyn Jenner ဆိုတဲ့ လိင်ပြောင်း trans woman အဖြစ် တရားဝင် မီဒီယာတွေရှေ့ ချပြခဲ့ပါတယ်။ Caitlyn Jennerဟာ ကမ္ဘာကျော် အအောင်မြင်ဆုံး transgender အမျိုးသမီးတွေထဲက တစ်ဦးဖြစ်သလို လက်ရှိမှာ သူရဲက သားသမီးတွေဖြစ်ကြတဲ့ Kardashian မောင်နှမနဲ့ Jennerညီအစ်မတွေဆိုရင် မသိသူ မရှိလောက်အောင် သူတို့ရဲ့ ဖက်ရှင်လ်၊ Life Style၊ အရည်အချင်း ၊ လှပမှု၊ ငယ်ရွယ်မှု နဲ့ ချမ်းသာမှုတို့အားလုံးကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

Kardashian လို့ အသိများကြတဲ့ ညီအမ တွေသုံးယောက်လုံးကတော့ presenter ၊ မော်ဒယ်လ်၊မင်းသမီးနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်ကြသလိုJennerညီအစ်မတွေ ဖြစ်ကြတဲ့ Kendall Jenner နဲ့Kylie Jenner ကတော့ မော်ဒယ်လ်တွေ ဖြစ်ပြီး အငယ်ဆုံးဖြစ်တဲ့ Kylie ကတော့ အသက် အငယ်ဆုံးနဲ့ အမျိုးသမီး ဘီလီနာ ဖြစ်လာသူအဖြစ် မကြာသေးမီက မှတ်တမ်းတင်ခံရသူလည်းဖြစ်ပါတယ်။ အဖေဖြစ်သူ ဟာ ယောကျာ်းစင်စစ်ကနေ လိင်ပြောင်းခွဲစိတ်ခံယူကာ နေထိုင်ခဲ့ပေမဲ့လည်း သားသမီးတွေဖြစ်တဲ့ မောင်နှမ (၆)ယောက်လုံးဟာ အဖေဖြစ်သူ Caitlyn အပေါ် မြူတမှုန်မျှ ငြိုငြင်ခြင်း မရှိသလို သမီးတွေတန်းတူ ဝတ်စားလေ့ရှိတဲ့ Caitlyn Jenner ဟာ သူရဲ့ ဇနီးဟောင်းတွေနဲ့တန်းတူ သားသမီးတွေရဲ့ စတုတ္ထ မြောက် အမေ ပြန်ဖြစ်လာခဲ့ပါတယ်။

source: wikipedia;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။