ဒီနေ့ တိုက်တိုက်ဆိုင် လူနှစ်ဦးက တန်ဘိုးရှိသော မေးခွန်းတစ်မျိုးတည်းကို တစ်ပြိုင်တည်းမေးကြတယ်...

ထိုမေးခွန်းလေးတွေက...

၁။ မြတ်စွာဘုုရားရှင်ဟာ ရဟန်းတော်တွေလို ခေါင်းတော်မှာ ဆံပင်မရှိဘူး မုုိ့လားဘုုရား၊

၂။ ပုုံတော်တွေမှာ ဆံထုုံးနဲ့ ဖူးတွေ့ရပါတယ်။

၃။ ကိုးကွယ်ဆည်းကပ်ဖို့ရန် ဆံတော်စွန့်တယ်ဆိုတာက တန်ခိုးတော်နဲ့ စွန့်တာလား ဘယ်လုုိလည်း ဘုုရား... သိလုုိတဲ့ အတွက် ဖြေပေးပါ ဘုုရား။

မသိသေးသူများအတွက်တော့ မေးသင့်မေးထိုက်ပြီး... သိထားသင့်တဲ့ အဖြေလေးတွေပါပဲ...။

၁။ မြတ်စွာဘုုရားရှင်က ခုခေတ်ရဟန်းတော်တွေလို ခေါင်းတော်ပေါ်မှာ ဆံပင်က ပြောင်မနေပါဘူး၊ လက်နှစ်သစ်ခန့်ရှည်သော ဆံတော်တွေက လက်ယာရစ်ခွေလ ျှက် တည်ရှိပါတယ်။

ထိုဆံတော်၏ သမိုင်းစဉ်မှာ ... ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တော်ထွက်တော်မူလို့ အနော်မာသောင်သို့ ရောက်သော အခါမှာ ခေါင်းပေါ်က ဆံထုံးကုုိ ကျစ်နေအောင်ထုုံးလို့ သံလ ျှက်တော်ဖြင့် ဆံထုုံးရဲ့ အောက်ခြေကနေ ကပ်လ ျှက် ဖြတ်တော်မူပြီး....

“ ဘုုရားစင်စစ် ဧကန်ဖြစ်မည်မှန်ပါက ဤဆံထုံးသည် မြေပြင်သို့ မသက်၊ ကောင်းကင်ထက်မှာ တည်ပါစေသတည်း” ... ဟု အဓိဌာန်ပြု၍ မြှောက်တင်တော်မူပါတယ်။

ထိုဆံထုံးဟာ ကောင်ကင်အထက် တစ်ယူဇနာခန့်လောက်သော အမြင့်မှာ ပန်းဆိုင်းစွဲသကဲ့သုုိ့ အောက်သို့မကျပဲ တည်နေတော်မူပါတယ်။ ထိုဆံထုံးကို သိကြားမင်းက ရတနာပန်းတောင်းဖြင့် ပင့်ဆောင်၍ တာဝတိံသာနတ်ပြည်မှာ “ စူဠာမဏိ”ဟူသော အမည်ဖြင့် စေတီတော် တစ်ဆူ တည်ထားကိုးကွယ်ပါတယ်။

မြတ်စွာဘုုရားရဲ့ ခေါင်းတော်အထက်မှာတော့ လက်နှစ်သစ်ခန့်သော ဆံတော်တို့ဟာ လက်ယာရစ် ခွေလက်ကျန်ရစ်ပါတယ်၊ ထိုဆံတော်တုုိ့ဟာ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ နေ့အထိ ရှည်လည်း မလာတော့သလို ထပ်မံ ရိတ်ဖြတ်ခြင်းလည်း မပြုရတော့ပါဘူး။

သိုု့အတွက်ကြောင့် ... မေးခွန်း အမှတ်စဉ် တစ်နဲ့ ပတ်သက်ပြီး။

* မြတ်စွာဘုုရားဟာ ယနေ့ခေတ် လူအများဖူးမြင်နေရသော ရဟန်းတော်တွေကဲ့သို့ ခေါင်းတုံးပြောင်ပြောင် မဟုုတ်ပါဘူး... ဆိုတဲ့ အချက်ကို မှတ်သားနိုင်ပါတယ်။

၂။ ဆံထုံးတော်ကို အရင်းကနေ ဖြတ်ယူလုုိက်တာ ဖြစ်တဲ့အတွက် ယခုခေတ်ဖူးမြှော်နေရသော ပုံတော်များမှာလို မြတ်စွာဘုရားရှင်က ဆံထုံးနဲ့တော့ မဟုုတ်ပါ၊ ပုုံတော်များမှာတော့ ကြည့်ကောင်းအောင် ရေးကြ ထုကြပုံပေါ်ပါတယ်။

၃။ နောင်လာနောင်သားများ ကိုးကွယ် ဆည်းကပ်နိုင်ကြရန် ဆံတော်ကို စွန့်တော်မူခြင်းမှာ တန်ခိုးဖြင့် ဖန်ဆင်းပေးခြင်းမဟုုတ်ပါ၊ လက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ အဓိဌာန်တော်မူသည့် အတိုင်း ပါလာသည့် ဆံတော်အစစ်များကို စွန့်ပေးတော်မူခြင်းပဲ ဖြစ်ပါတယ်။

အရှင်တေဇာနန္ဒ 'စေတနာပန်းခင်း ဆရာတော်'

တွေးမိတွေးရာအဖြာဖြာ မှ ကူးယူပူဇောပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။