ပရိသတ်ကြီးရေ မင်းသမီးလေး အိချောပိုကတော့ သရုပ်ဆောင်ရာမှာ အများနဲ့မတူ ပီပီပြင်ပြင်နဲ့ ဇာတ်ရုပ်ကို ပေါ်လွင်လာအောင် သရုပ်ဆောင်တတ်သူ ဖြစ်ပါတယ်။ စင်တင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပြီး သူမရဲ့ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် ခဏလေးအတွင်းမှာ အောင်မြင်လာပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးများစွာ ရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စူစူက အလှအပရေးရာမှာလည်း ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပါတယ်။

ပုရိသတို့ရဲ့ စိတ်ကိုဖမ်းစားနိုင်တဲ့ ကျစ်လစ်လှပတဲ့ Body အလှပိုင်ရှင် စူစူက အခုလည်း ပရိသတ်တွေ ရင်ခုန်သွားစေမယ့် အလှတွေကို ထုတ်ပြလိုက်တာ တွေ့ရပါတယ် ။ အဖြူရောင်ဝတ်စုံနဲ့ ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ သူမကိုတော့ မြင်ရသူအဖို့ ရင်ဖိုမိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ငေးမောစရာပုံရိပ်လေးတွေကိုတော့ "Morning"ဆိုတဲ့ နှုတ်ဆက်စကားလေးနဲ့ စူစူက facebook မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ Body အလှကို ပိုင်ဆိုင်ထားတဲ့ အိချောပိုက ယောကျ်ားလေးပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှု အများဆုံးရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ မေမြင့်မိုရ်တို့နဲ့အတူ "အချစ်ဆုံး Crush" ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာ တွေ့ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း စွဲမက်ဖွယ်အလှတွေနဲ့ ပြည့်စုံတဲ့ အိချောပိုရဲ့ အလှပုံရိပ်လေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။