ချစ်ပရိတ်သတ်ကြီးရေ အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတက်ပြီး အဆိုတော်လောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ အဆိုတော်ချော်လေး နီနီခင်ဇော်ကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။နီနီရဲ့သီချင်းတွေဟာ သူရဲ့အသံပါဝါကောင်းကောင်းနဲ့ သီဆိုမှုကြောင့် အပုဒ်တိုင်းလိုလို ပရိတ်သတ်တွေကြားပေါက်ခဲ့ရတာဖြစ်ပါတယ်။ဖက်ရှင်ပိုင်းမှာဆိုလည်း အမြဲအသစ်သစ်တွေနဲ့ အမိုက်စားလန်းနေသူလေးလည်းဖြစ်ပါတယ်။ 

သူမဟာ လတ်တလောမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။အမြဲလိုဖက်ရှင်အဆန်းတွေနဲ့စမတ်ကျ လှပနေတဲ့ သူမကတော့ လတ်တလောမှာလည်း အနီရောင်ဖက်ရှင်လေးနဲ့ တောက်ပပေါ်လွင်နေပြီး အလှကြီးလှနေတဲ့ပုံရိပ်လေးတွေကိုဖော်ပြထားကာ "တို့မှာအမြွှာရှိတာသိလား ယူ"ဟုစနောက်ပြောဆိုထားတာတွေ့ရပါတယ်။အနီရောင်ဖက်ရှင်လေးတွေကိုလည်း အမြဲအမြတ်တစ်နိုး ဝတ်ဆင်တက်သူလေးလည်းဖြစ်ပါတယ်။သူမရဲ့ အနီရောင်ဖက်ရှင် ဒီဇိုင်းတွေကလည်း မရိုးနိုင်လောက်အောင်ကိုပဲဆွဲဆောင်မှုရှိလှနေတာပဲဖြစ်ပါတယ်။ 

သူမရဲ့ အနီရောင်ဖက်ရှင်လေးနဲ့ မရိုးနိုင်အောင် လှနေတဲ့ အမိုက်စား ပုံရိပ်လေးတွေက ပရိတ်သတ်တွေကို ကြွေစေမှာအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် နီနီရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်မှတစ်ဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။နီနီလည်း ဒီထက်မကေ အာင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်။

Source:Ni Ni Khin Zaw

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။