ပရိသတ်ကြီးရေ ပျိုမေတွေရဲ့အချစ်တော် မင်းသားချောလေး ပိုင်တံခွန်ကတော့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီရွှေကြိုတစ်ဦးအဖြစ် အနုပညာလောကကို စတင်အခြေချခဲ့ရာမှ အခုဆိုရင် ရုပ်ရှင်မင်းသားတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက် မိန်းမပျိုလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ရရှိထားပြီး ပရိသတ်အပေါ်လည်း လေးစားဖော်ရွေစွာ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။

အမြဲလိုလို ပရိသတ်တွေ ရင်ခုန်အောင်လုပ်တတ်တဲ့ ပိုင်တံခွန်က အခုလည်း အားလုံးအံ့သြသွားစေမယ့် ပုံအချို့ကို Facebook မှာ တင်ထားတာ တွေ့ရပါတယ်။ ပိုင်တံခွန်က ကမ္ဘာ့အလှဆုံးနေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရှိ နာမည်ကျော်‪ Giant hands bridge‬ တံတားကြီးပေါ်မှာ မင်းသမီးလေး အဲလစ်အုန်းနဲ့အတူ မင်္ဂလာပွဲလေးတစ်ခု ဖန်တီးခဲ့ပါတယ်။ သူတို့၂ယောက်က အပြာရောင်တောက်နေတဲ့ ကောင်းကင်ကြီးကို နောက်ခံထားကာ Romatic ဆန်ဆန် ကြည်နူးစရာလေးပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ပိုင်တံခွန်နဲ့ အဲလစ်တို့က ခမ်းနားလှပတဲ့ မင်္ဂလာဝတ်စုံလေးတွေနဲ့အတူ Pre Wedding လေးတစ်ခုကို မြင်သူအားကျချင်လောက်အောင် ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေ စိတ်ဝင်တစား ဖြစ်နေကြတာ တွေ့ရပါတယ်။ အမှန်တကယ်မှာတော့ သူတို့၂ယောက်က Sky Bird Travels & Tours အတွက် ခရီးသွားရင်း ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း "ကိုယ်လည်းတနေ့ ဒီလို ရိုက်နိုင်ရမယ်ကွာ" ဆိုတဲ့ စာသားလေးနဲ့အတူ တင်ထားတဲ့ ပိုင်တံခွန်နဲ့ အဲလစ်တို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Paing Ta Khon ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။