အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း အွန်တေရီအိုပြည်နယ်မှာတောမီးတွေ ဆက်တိုက်လောင်ကျွမ်းနေတယ်လို့သိရပါတယ်။ဒသခံ မီးသတ်သမားတွေက လောင်ကျွမ်းနေတဲ့တောမီးကို ငြှိမ်းသတ်ဖို့ ရက်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြပေမယ့် တောမီး ၇ ခုဟာ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကြီးမားတဲ့တောမီးဟာ မြေဧရိယာ ဟက်တာ ၂၇,ဝဝဝ ကျော်ရှိတဲ့ တမ်မီစကာမင်ဒေသမှာ တောမီးတွေဟာ ဒေသနှစ်ခုမှာရှိနေပြီး လောင်ကျွမ်းနေတာလို့လည်းသိရပါတယ်။ဒါပေမယ့် အဲဒီတောမီးကို အတော်လေး ထိန်းချုပ်နိုင်ပြီလို့လည်းသိရပါတယ်။

ဆက်ဘာရီတောင်ပိုင်းမှာရှိတဲ့ Parry Sound 33 တောမီးကတော့ သက်ဝင်လှုပ်ရှားနေပြီး မြေဧရိယာ ဟက်တာ ၁ဝ,ဝဝဝ ကျော် ပါဝင်နေတယ်လို့လည်းသိရပါတယ်။တောမီးငြိမ်းသက်ရာတွင် ရဟတ်ယာဉ်တွေကို အဓိက အားပြုနေရတယ်လို့လည်းသိရပါတယ်။အဲဒီအတွက် စုစုပေါင်း ရဟတ်ယာဉ် ၁၄ စီး ဖြန့်ကြက်ထားတယ်လို့ အွန်တေရီအို လေကြောင်း တောမီးနဲ့ အရေးပေါ်ဝန်ဆောင်မှု ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်-dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။